Skip to content
မြန်မာနိုင်ငံ၏ လှပသောမြစ်ချောင်းများ လွတ်လပ်စွာစီးဆင်းနိုင်ပါစေ
သတင်းများ
တနင်္သာရီမြစ်ပေါ်တွင် ထိုင်းနိုင်ငံက ရေအားလျှပ်စစ် ထုတ်လုပ်မည့် ဆည်တစ်ခု တည်ဆောက်မည် Print E-mail
ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ 28 ရက်၊ 2011

Eleven Media Group
တနင်္သာရီမြစ်ကမ်းနံဘေးတွင် တည်ထားသော တနင်္သာရီမြို့အားတွေ့ရစဉ်
တနင်္သာရီမြစ်ပေါ်တွင် ထိုင်းနိုင်ငံက ရေအားလျှပ်စစ်ထုတ်လုပ်မည့် ဆည်တစ်ခု တည်ဆောက်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ အဆိုပါ ရေအားလျှပ်စစ်ထုတ်ယူမည့်ဆည်ကို တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ်တွင် ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်အား အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ထိုင်းနိုင်ငံရှိ Italian-Thai Development Public Co.,Ltd  မှ တည်ဆောက်သွားမည်ဖြစ်သည်ဟု သိရှိရသည်။

AddThis Social Bookmark Button
 
ထမံသီ စီမံကိန်း ရပ်ဆိုင်းရန် အိန္ဒိယတွင် တောင်းဆို Print E-mail
ကြာသပတေးနေ့၊ ဒီဇင်ဘာလ 08 ရက်၊ 2011
 ဧရာဝတီ
ချင်းတွင်းမြစ်တွင် အိန္ဒိယနှင့် မြန်မာ ပူးပေါင်း ဆောက်လုပ်နေသည့် ထမံသီ ရေကာတာ၊  ရေအားလျှပ်စစ်စီမံကိန်းများ ချက်ခြင်းရပ်တန့်ရန် အိန္ဒိယရောက်မြန်မာပြည်သားများက နယူးဒေလီမြို့တွင် ယနေ့ ဆန္ဒပြ တောင်းဆိုကြသည်။
AddThis Social Bookmark Button
 
တရုတ်လုပ်သားတွေ မြစ်ဆုံက ထွက်ခွာ Print E-mail
ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ 26 ရက်၊ 2011

VOA|Burmese

By ကိုမိုးဇော်
မြစ်ဆုံဆည်စီမံကိန်းကို ရပ်တန့်ဖို့ ဆုံးဖြတ်လိုက်တဲ့နောက်  ဒီရက်ပိုင်းအတွင်းမှာ  မြစ်ဆုံဆည် တည်ဆောက် နေတဲ့ တရုတ်အလုပ်သမား အတော်များများ နေရပ်ကို ပြန်လည် ထွက်ခွာနေတယ်။ ဒါပေမဲ့ စက်ယန္တားတွေကို မူလအတိုင်းပဲ ဆက်လက်ထားရှိပြီး မြစ်ဆုံအထက်ပိုင်းက မေခ၊ မလိခမြစ်ပေါ်က ရေကာတာတွေ တည်ဆောက်မယ့် ဒေသဘက်တွေကို လမ်းဖောက်လုပ်တာတွေတော့ ဆက်ပြီး ရှိနေဆဲဖြစ်တယ်လို့ မြစ်ကြီးနား ဒေသခံတွေက ပြောပါတယ်။ မြစ်ဆုံရေကာတာကို ရပ်တန့်လိုက်ပေမဲ့
အထက်ပိုင်းက ရေကာတာတွေကို ဆက်လက်တည်ဆောက် မယ်ဆိုရင် ဘယ်လို အကျိုးဆက်တွေ ဖြစ်နိုင်ပါသလဲ။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက်သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

AddThis Social Bookmark Button
 
မြန်မာကတိတည်ဖို့ တရုတ်တိုက်တွန်း Print E-mail
သောကြာနေ့၊ အောက်တိုဘာလ 21 ရက်၊ 2011
By ဗွီအိုအေ (မြန်မာဌာန)

မြန်မာနဲ့တရုတ် နှစ်နိုင်ငံကြား ပူးတွဲ အကောင်အထည်ဖော်နေတဲ့ စီမံကိန်းတွေကို ပေးထားတဲ့ကတိအတိုင်း ဆောင်ရွက်ဖို့ တရုတ်ဝန်ကြီးချုပ်က တိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှာ တည်ဆောက်မယ့် ရေအားလျှပ်စစ် ထုတ်လုပ်ရေး စီမံကိန်းကို မြန်မာနိုင်ငံဘက်က ဆိုင်းငံ့ထားဖို့ ကြေညာခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် မြန်မာ ဒုသမ္မတ ဦးတင်အောင်မြင့်ဦး နဲ့တွေ့ဆုံရာမှာ တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင် (Wen Jiabao) က ပြောလိုက်တာပါ။
AddThis Social Bookmark Button
 
မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းထားမှုနှင့် ပတ်သက်ပြီး မြန်မာနှင့် တရုတ် ညှိနှိုင်း ဆောင်ရွက်သွား ရန် နှစ်ဖက်နိုင်ငံ ခြားရေး ၀န်ကြီးများ သဘောထား Print E-mail
ကြာသပတေးနေ့၊ အောက်တိုဘာလ 13 ရက်၊ 2011

Eleven Media Group
မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ယန်ကျိချီ
မြန်မာနိုင်ငံ မြောက်ပိုင်းတွင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလျံကျော် အကုန်အကျခံ တည်ဆောက်မည့် ဧရာဝတီမြစ်ဆုံစီမံကိန်း ရပ်ဆိုင်းထားမှုနှင့်ပတ်သက်ပြီး ညှိ နှိုင်းဆောင်ရွက်သွားရန် မြန်မာနှင့် တရုတ် နှစ်နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးများက အောက်တိုဘာလ ၁၀ ရက်တွင် သဘောတူညီမှု ရရှိခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ ပြောကြားချက်ကို ကိုးကား၍ တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။

AddThis Social Bookmark Button
 
ရေကာတာများ နဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်ဆီးမှု Print E-mail
ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ 05 ရက်၊ 2011

VOA | Burmese
By ဦးကျော်ဇံသာ

ဒီတပတ် မြန်မာ့အရေး မျက်မှောက်ရေးရာ သတင်းသုံးသပ်ချက်အစီအစဉ်မှာ မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန် က မြစ်ဆုံရေကာတာ တည်ဆောက်ရေးကို ရပ်ဆိုင်းလိုက်ပြီးနောက်ပိုင်း စိုးရိမ်စရာရှိနေသေးတဲ့ သဘာဝပတ်ဝန်းကျင် အခြေအနေတွေကို ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင် ပါမောက္ခအငြိမ်းစား ဦးညွှန့်မောင်၊ ဒေါက်တာဒေါ်လှကျော်ဇော တို့ကို ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

AddThis Social Bookmark Button
 
<< Start < Prev 1 2 3 4 5 6 7 8 9 10 Next > End >>

Page 1 of 14