Skip to content
မြန်မာနိုင်ငံ၏ လှပသောမြစ်ချောင်းများ လွတ်လပ်စွာစီးဆင်းနိုင်ပါစေ
တနင်္သာရီမြစ်ပေါ်တွင် ထိုင်းနိုင်ငံက ရေအားလျှပ်စစ် ထုတ်လုပ်မည့် ဆည်တစ်ခု တည်ဆောက်မည် Print E-mail
ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ 28 ရက်၊ 2011

Eleven Media Group
တနင်္သာရီမြစ်ကမ်းနံဘေးတွင် တည်ထားသော တနင်္သာရီမြို့အားတွေ့ရစဉ်
တနင်္သာရီမြစ်ပေါ်တွင် ထိုင်းနိုင်ငံက ရေအားလျှပ်စစ်ထုတ်လုပ်မည့် ဆည်တစ်ခု တည်ဆောက်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ အဆိုပါ ရေအားလျှပ်စစ်ထုတ်ယူမည့်ဆည်ကို တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ်တွင် ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်အား အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ထိုင်းနိုင်ငံရှိ Italian-Thai Development Public Co.,Ltd  မှ တည်ဆောက်သွားမည်ဖြစ်သည်ဟု သိရှိရသည်။

''ပထ၀ီအနေအထားက မြန်မာနိုင်ငံက ပိုကောင်းနေတယ်။ ထိုင်းမှာ သဘောမတူတဲ့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့လုပ်ငန်းတွေ မြန်မာနိုင်ငံကို ရွှေ့တာပေါ့။ လျှပ်စစ်ဓာတ်အားပေး စက်ရုံပါမယ်။ လမ်းဖောက်တာ ပါမယ်။ ရေကာတာပါမယ်။ ရေနက်ဆိပ်ကမ်းပါမယ်။ ရေနံဓာတုအတွက်ပေါ့။ pollution များတဲ့အတွက်ကြောင့် တခြားနေရာတွေက လက်မခံလို့ မြန်မာနိုင်ငံမှာ စမ်းသပ်ကြမယ့်သဘောပါ။ မြန်မာနိုင်ငံက သဘာဝ ရင်းမြစ်များတယ်။ ရေများတယ်။ သဘာဝဓာတ်ငွေ့လည်း များတယ်။ နောက်ပြီး ဥပဒေအရ ဟာကွက်တွေလည်း ရှိနေတာကို သိထားကြတယ်'' ဟု kPrachuab Kirikhan ခရိုင်မှ သဘာဝပတ်ဝန်းကျင်ရေးရာ လှုပ်ရှားသူ မစ္စတာအော့ခ်က ပြောကြားသည်။

ထားဝယ်စီမံကိန်းအတွင်း အပါအ၀င်အဖြစ် တည်ဆောက်မည့် တနင်္သာရီ မြစ်ပေါ်မှ ဆည်သည် မဂ္ဂါဝပ် ၈၀၀ ခန့် ထုတ်လုပ်မည်ဖြစ်ကာ ထိုင်းနိုင်ငံတွင်းသို့ ပို့လွှတ်ရန် ဖြစ်နိုင်ခြေရှိနေကြောင်း

ထားဝယ်စီမံကိန်းအတွင်း အပါအ၀င်အဖြစ်တည်ဆောက်မည့် တနင်္သာရီမြစ်ပေါ်မှ ဆည်သည် မဂ္ဂါဝပ် ၈၀၀ ခန့် ထုတ်လုပ်မည်ဖြစ်ကာ ထိုင်းနိုင်ငံတွင်းသို့ ပို့လွှတ်ရန် ဖြစ်နိုင်ခြေရှိနေကြောင်း သိရသည်။

''ဒီစီမံကိန်းထဲမှာ ဆည်တည်ဆောက်ဖို့ပါတယ်ဆိုတာ ဒေသခံတွေက အရင်က မသိခဲ့ကြပါဘူး''ဟု ထားဝယ်မြို့ခံတစ်ဦးက ပြောပြသည်။    တနင်္သာရီဒေသတွင် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် ဆက်စပ်လျက် တည်ဆောက်ရေးလုပ်ငန်းများကြောင့် သစ်တောပြုန်းတီးမှုများအပြင် တရားဝင် သစ်ထုတ်ခွင့်ပေးမှုများ၊ တရားမ၀င် သစ်ထုတ်လုပ်နေမှုများ၊ ရော်ဘာနှင့် ဆီအုန်းစိုက်ပျိုးရေးတို့အတွက် စိုက်ပျိုးမြေရယူရန် မြေနေရာ ချဲ့ထွင်မှုအတွက် သစ်တောရှင်းလင်းမှုများရှိနေကာ အခြားဒေသများနှင့်စာလျှင် သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ကောင်းမွန်သေးသော ဒေသ၌ပင် ပျက်စီးပြုန်းတီးမှုများ ဖြစ်ပေါ်လာနေသည်ဟု သိရှိရသည်။

တနင်္သာရီမြစ်ပေါ်တွင် တည် ဆောက်မည့်ဆည်သည် တနင်္သာရီမြို့နယ်အတွင်း တည်ရှိနေသည်။ တနင်္သာရီမြစ်သည် ယခုနှစ်များအတွင်း သစ်တောပြုန်းတီးမှုများကြောင့် မြစ်ကြောင်း ပြောင်းလဲတိမ်ကောမှုများကို ကြုံတွေ့လာရသည့် မြစ်လည်းဖြစ်သည်။

တနင်္သာရီမြစ်သည် ထားဝယ်ခရိုင်တွင် မြစ်ဖျားခံပြီး တနင်္သာရီမြို့နယ်ကို ဖြတ်သန်းကာ မြိတ်မြို့ အနီးတွင် ပင်လယ်အတွင်းသို့ စီးဝင်နေသည်။

မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံကြသည့် လုပ်ငန်းများအနက် အများစုသည် သဘာဝရင်းမြစ်များပေါ်တွင် အမှီပြုနေကာ ရေအားလျှပ်စစ်နှင့် သဘာဝဓာတ်ငွေ့သည် ရင်းနှီးမြှုပ်နှံမှုအများဆုံး အမျိုးအစားတစ်ခုလည်း ဖြစ်သည်။ 

AddThis Social Bookmark Button
 

ပုံနှိပ်ထုတ်ဝေမှုများ

 
  အင်္ဂလိပ် မြန်မာကချင်
 
 
  အင်္ဂလိပ် မြန်မာကူကီး
-------------------------------
အခြားပုံနှိပ်ထုတ်ဝေမှုများ

ဤ၀ဘ်ဆိုဒ်ကို

 ဖြင့်ဖတ်ရူ့ပါကအကောင်းဆုံး