Skip to content
မြန်မာနိုင်ငံ၏ လှပသောမြစ်ချောင်းများ လွတ်လပ်စွာစီးဆင်းနိုင်ပါစေ
ပင်လယ်နှင့်ဆုံရာ မြစ်ဝဒေသများ။ ထူးခြားသည့် ဂေဟဗေဒစနစ် Print E-mail
+ 0
+ 0
ပင်လယ်နှင့်ဆုံရာ ဤမြစ်ဝဒေသများသည် မြစ်များထဲမှရေချိုနှင့် သမုဒ္ဒရာမှ ရေငန်တို့ ဆုံတွေ့ရာနေရာများ ဖြစ်သည်။ ဤမြစ်ဝဒေသများတွင် မြစ်ဝ၌ မြစ်ကသယ်ဆောင်လာသော နုံးအနယ်အနှစ်များ ပို့ချသောကြောင့် မြေဆီသြဇာကောင်း သော မြစ်ဝှမ်းလွင်ပြင်ကို ဖြစ်စေသည်။

ပင်လယ်နှင့်ဆုံရာ မြစ်ဝဒေသများသည်
  • ကမ္ဘာမြေပေါ်ရှိ ဇီဝဒေသဘောအရ ထုတ်လုပ်မှုအားအကောင်းဆုံးသောဂေဟ စနစ်များဖြစ်သည်။
  • အမြဲစိမ်းအပင်များဖြင့် နေစွမ်းအင်ကို အာဟာရစွမ်းအင်အဖြစ်ပြောင်းလဲပေးသော အစားအစာကွန်ရက် စနစ် အဖြစ် စုပုံရာ အရင်းအမြစ်များ ဖြစ်သည်။
  • အပင်အမျိုးအစား အချို့အတွက်သာ ပေါက်ရောက်ရှင်သန်နိုင်သည်။ (ဤအပင်မျိုးများသည် ပင်လယ်နှင့်ဆုံသော မြစ်ဝဒေသမှာ ရှိနေသည့် ရုပ်ပတ်ဝန်းကျင် အခြေအနေမှာသာ ရှင်သန်နိုင်သည်။)
  • သဘာဝတောရိုင်းတိရိစ္ဆာန်အချို့၏ ဘဝသက်တမ်း အဆင့်အချို့တွင်၊ ခိုလှုံကျက် စားနေထိုင်ရာ အရေးပါသည့် ဒေသဖြစ်သည်။
ပင်လယ်နှင့်ဆုံရာ မြစ်ဝဒေသများ၌ ရေချိုသည် ပင်လယ်ရေငန်ထက်ပို၍ ပေါ့ပါးသဖြင့်၊ ရေငန်၏အပေါ်မှနေ၍ စီးဆင်းကြ သည်။ သမုဒ္ဒရာထဲမှနေ၍ သယ်ဆောင်လာသော အာဟာရဓာတ်များသည် မြစ်ထဲသို့ ဝင်ရောက်လာကြသောကြောင့် အပင်များ ကြီးထွားရန်မြေဆီသြဇာ ထက်သန်သောနေရာများအဖြစ် ပြောင်းလဲပေးသည်။ အမှန်တွင် ဤမြစ်ဝဒေသများ သည် ကမ္ဘာပေါ်ရှိ ဇီဝဗေဒသဘောအရ ထုတ်လုပ်မှုအကောင်းဆုံး ဂေဟစနစ်များ တည်ရှိရာနေရာအနက်မှ တခုဖြစ်သည်။

အချို့သော အပင်အမျိုးအစားများသည် မြစ်ဝဒေသများ၏ ထူးခြားသော ရုပ်အခြေအနေများမှာသာလျှင် ရှင်သန်နိုင်ကြပြီး အချို့အပင်များသည် မြစ်ဝဒေသများမှာပင် နေရာရွေး၍ ပေါက်ရောက်တတ်ကြသည်။ မြစ်ဝဒေသများတွင် အပင်များပေါက် ရောက်ခြင်းနှင့် နေရာရွေးချယ်၍ ပေါက်ရောက်ခြင်းအတွက် အဓိက အကြောင်းအချက်မှာ ရေတွင်အငန်ဓာတ် ပါဝင်ခြင်း ကြောင့် သို့မဟုတ် ဆားငန်ပေါက်မှုကြောင့် ဖြစ်သည်။  

အပူပိုင်းဒေသရှိ ပင်လယ်နှင့်တွေ့ဆုံသော မြစ်ဝများတွင် ပေါက်ရောက်သော ဒီရေရောက်လမုတောများသည် ထူးခြားသည့် သစ်တောတမျိုးဖြစ်ပြီး၊ မြစ်ဝကျွန်းပေါ်ဒေသ ဂေဟစနစ်၏ အရေးပါသည့် အစိတ်အပိုင်း တခုလည်း ဖြစ်သည်။ ဒီရေ ရောက်လမုတောများသည် ဒီရေလှိုင်းများ မြင့်တက်လာမှုမှ ကာကွယ်ပေးသည့် သဘာဝအတားအဆီးတခု ဖြစ်ရုံမျှသာ မက ငါးမျိုးစိတ်များနှင့် တောရိုင်းတိရိစ္ဆာန်များ မှီခိုခိုလှုံနေထိုင်ရန် အသိုက်အမြုံအဖြစ် အကောင်းဆုံး ထောက်ပံ့ပေးထား သည်။


 

ပုံနှိပ်ထုတ်ဝေမှုများ

ရေလွမ်းမိုးခြင်းကိုခုခံတွန်း
လှန်ခြင်း

 

အစီရင်ခံစာရယူရန်။အင်္ဂလိပ်ဘာသာ

 -----------------------------

အောက်ခြေရှိရေစီးကြောင်းများ
(အတွဲ ၃)

အစီရင်ခံစာရယူရန်။အင်္ဂလိပ်ဘာသာ 

-------------------------------
အခြားပုံနှိပ်ထုတ်ဝေမှုများ

ဤ၀ဘ်ဆိုဒ်ကို

 ဖြင့်ဖတ်ရူ့ပါကအကောင်းဆုံး