Skip to content
မြန်မာနိုင်ငံ၏ လှပသောမြစ်ချောင်းများ လွတ်လပ်စွာစီးဆင်းနိုင်ပါစေ
ရေအားလျှပ်စစ် လုပ်ငန်းများ Print E-mail
+ 1
+ 0
၂ဝဝ၈ ခုနှစ်၊ ဧပြီလအထိ တရားဝင်ကိန်းဂဏန်းများအရ မြန်မာနိုင်ငံတွင် ရှိပြီးသား လျှပ်စစ်ဓာတ်အားထုတ်လွှတ်မှု စွမ်း အားသည် စုစုပေါင်း ၁, ၆၉၀ မီဂါဝပ် ဖြစ်သည်ဟု လစဉ်ထုတ်အစိုးရ ကိန်းဂဏန်းများအရ သိရှိရပါသည်။  ရေအားလျှပ်စစ် ထုတ်လုပ်မှုမှာ အကြမ်းဖျင်းအားဖြင့် ဤစုစုပေါင်း ပမာဏ၏ ၃ဝ မှ ၃၅ ရာခိုင်နှုန်းခန့် ရှိသည်ဟု ခန့်မှန်းရပါသည်။

နောက်ထပ် ရေအားလျှပ်စစ်ထုတ်လုပ်နိုင်မည့် စက်ရုံများကိုလည်း တည်ဆောက်နေဆဲ ဖြစ်သည်ဟု ကြေညာခဲ့ပါသည်။ မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်ထုတ်လုပ်နိုင်မည်ဟု သတ်မှတ်ထားသော အလားအလာရှိသည့် ပမာဏသည် ၃၈, ဝဝဝ မီဂါဝပ် ဖြစ်ရာ ၎င်းသည် အရှေ့တောင်အာရှကုန်းမြေရှိ နိုင်ငံများထက် ကျော်လွန်များပြားနေသည့် ပမာဏပင် ဖြစ်သည်။ (နအဖ) စစ်အစိုးရသည် ဤအလားအလာအတိုင်း အကောင်အထည်ဖေါ်နိုင်ရေးအတွက် အလွန်စိတ်ထက်သန် နေသည်ဖြစ်ရာ အလားအလာရှိသည့် နေရာများ၌ ရင်းနှီး မြှုပ်နှံသူများနှင့် နားလည်မှု စာချွန်လွှာအများအပြားကို အလျှင် စလို ရေးထိုးချုပ်ဆိုလျှက် ရှိပါသည်။

ရေအားလျှပ်စစ် ထုတ်လုပ်မှုနှင့် ဆည်များ (Hydropower and Dams) အမည်ရှိ စက်မှုလုပ်ငန်း မဂ္ဂဇင်းတွင် မကြာသေး မီက ဖော်ပြခဲ့သော ဆောင်းပါးတစောင်အရ "လောလောဆယ် မြန်မာနိုင်ငံတွင် အကောင်အထည်ဖေါ်ရန် စီမံချက်ရေးဆွဲ နေဆဲဖြစ်သော စီမံချက် ၂၉ ခုကို စာရင်းပြုစု ဖေါ်ပြခဲ့ပါသည်။ ဤစာရင်းထဲတွင် ကချင်ပြည်နယ်ရှိ ဧရာဝတီ၊ မေခ၊ မလခ မြစ်များပေါ်၌ ဆည်တည်ဆောက်ရေး စီမံချက် ၇ ခုအကြောင်း မပါခဲ့ချေ။ လက်ရှိ ကြေညာထားသည်များ သာမက အစဉ် တိုးလာနေလျှက်ရှိသော စီမံချက်များက ဖေါ်ညွန်းပြနေသည်မှာ စစ်အစိုးရအနေဖြင့် အလားအလာရှိနေသည့် ရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံများ အမြန် အကောင်အထည်ဖေါ်ရေးနှင့် ထိုစက်ရုံများမှ နေ၍ နိုင်ငံခြားဒေါ်လာငွေ ရရှိရေး အငမ်းမရ စိတ်ဓာတ်ပင် ဖြစ်သည်။ အစိုးရသည် လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းများတွင် အဓိကလောင်စာအဖြစ် သဘာဝ ဓာတ်ငွေ့ကို အားထားနေရာမှ ၂ဝ၃ဝ ခုနှစ် အရောက်တွင် ရေအားစွမ်းအင်ဘက်သို့ ပြောင်းလဲအားထားတော့မည်ဟု လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ အရာရှိတဦးက မြန်မာနိုင်ငံတွင်း ထုတ်ဝေနေသော သတင်းစာတစောင်ကို ပြောပြခဲ့ပါ သည်။ သို့သော်လည်း ဤရေအားလျှပ်စစ် စီမံချက်များမှ ရရှိလာမည့် လျှပ်စစ်ဓာတ်အား မည်မျှ မြန်မာနိုင်ငံအတွင်း ကျန်ရှိ အသုံးပြုနိုင်မည် ဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးချေ။

မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများ ဖြစ်ကြသည့် ထိုင်းနိုင်ငံ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်နိုင်ငံများက လျှပ်စစ် လောင်စာ ကို အငမ်းမရ လိုချင်နေကြပါသည်။ မြန်မာနိုင်ငံဘက် အခြမ်းတွင် တည်ဆောက်မည့် ထိုဆည်များကြောင့် လျှပ်စစ်ဓာတ် အား ဈေးပေါပေါနှင့် ရနိုင်ကြမည်ဖြစ်ပြီး ဤဆည်များ တည်ဆောက်ခြင်းကြောင့် အကျိုးဆက်ဖြစ်လာမည့် စီးပွားရေး၊ လူမှု ရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးများကိုမူ မြန်မာနိုင်ငံဘက် အခြမ်းမှာသာ ချွင်းချန် ထားရစ်လိုကြပါသည်။ ထိုင်းနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့တွင် ရှိနေသည့် ဆည်ကြီးများ တည်ဆောက်မှု ဆန့်ကျင်ရေးလှုပ်ရှားမှုများက အင်အား ကောင်းနေသောကြောင်၊့ မြန်မာနိုင်ငံတွင် ရွေးပြီး  ဆည်တည်ဆောက်လိုနေကြပါသည်။ ဤအချက်သည်လည်း ဤနိုင်ငံ များအတွက် အထူးဆွဲဆောင်မှုတရပ် ဖြစ်နေပါသည်။

တရုတ်နိုင်ငံအရှေ့ပိုင်းရှိ ဖွံ့ဖြိုးကြီးထွားလာနေသော မြို့ကြီးများဆီသို့ လျှပ်စစ်ဓာတ်အား ထောက်ပံ့ပေးနိုင်ရန် တိုး၍တိုး၍ လိုအပ်လာနေရာ၊ တရုတ်နိုင်ငံ ဗဟိုအစိုးရက "အနောက်မှ အရှေ့သို့လျှပ်စစ်ဓာတ်အားပို့လွှတ် ပေးရေး မူဝါဒ"ကို အပူ တပြင်း အကောင်အထည်ဖေါ်ရန် ဖြစ်လာပါသည်။ တရုတ်နိုင်ငံ အနောက်ပိုင်းနှင့် အိမ်နီးချင်း မြန်မာနိုင်ငံတွင် ဆောက် လုပ်မည့် ရေအားလျှပ်စစ်ထုတ် ရေကာတာများသည် ဤမူဝါဒနှင့် အံကိုက် ဖြစ်စေပါသည်။

၂၀၀၇ ခုနှစ် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) အစည်းအဝေးတွင် ရေအားလျှပ်စစ်လုပ်ငန်းနှင့် ပတ်သက်၍ မြန်မာစစ်အစိုးရ၏ တင်ပြချက်ကို ဖတ်ရှုလိုပါက ဤနေရာကို ကလစ်ပါ

ဧရာဝတီမြစ်ကို ပိတ်ဆို့၍ ဆည်တည်ဆောက်နေခြင်း (Damming the Irrawaddy) အစီရင်ခံစာမှ ထုတ်နှုတ်ထားသော စာသားဖြစ်သည်။


 

ပုံနှိပ်ထုတ်ဝေမှုများ

ရေလွမ်းမိုးခြင်းကိုခုခံတွန်း
လှန်ခြင်း

 

အစီရင်ခံစာရယူရန်။အင်္ဂလိပ်ဘာသာ

 -----------------------------

အောက်ခြေရှိရေစီးကြောင်းများ
(အတွဲ ၃)

အစီရင်ခံစာရယူရန်။အင်္ဂလိပ်ဘာသာ 

-------------------------------
အခြားပုံနှိပ်ထုတ်ဝေမှုများ

ဤ၀ဘ်ဆိုဒ်ကို

 ဖြင့်ဖတ်ရူ့ပါကအကောင်းဆုံး