| ရေနံနှင့် သဘာဝဓာတ်ငွေ့ |
|
|
မြန်မာနိုင်ငံ၏ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု (FDI) အရနှင့် နိုင်ငံခြားတင်ပို့မှု တန်ဖိုးအရ သဘာဝဓာတ်ငွေ့ ထုတ်ယူ ရောင်းချမှုကဏ္ဍသည် မြန်မာနိုင်ငံတွင် အရေးပါသည့် ကဏ္ဍဖြစ်ပါသည်။ ၂၀၀၇ ခုနှစ်တွင် နိုင်ငံခြားတိုက်ရိုက် ရင်းနှီး မြှုပ်နှံမှု (FDI) အားလုံး၏ ၉၀% ရှိပြီး၊ ပြည်ပပို့ကုန်တန်ဖိုး စုစုပေါင်း၏ ၄၅% ရှိပါသည်။ ထိုင်းနိုင်ငံ ဗဟိုဘဏ်၏ စာရင်း အင်း အချက်အလက်များအရ မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့ ပြည်ပပို့ကုန်မှ ရရှိသောဝင်ငွေသည် ၂၀၀၇ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂,၇၀၀ သန်းမှ ၂၀၀၈ ခုနှစ်တွင် ၃,၅၀၀ သန်း အထိ ရှိလာခဲ့ပါသည်။ အသစ်ဆောင်ရွက်နေသည့် "ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်း" ကြောင့် ၀င်ငွေ အမေရိကန်ဒေါ်လာ သန်း ၂၄,၀၀၀ အထိ တိုးတက်ရလာဖွယ်ရှိပြီး စစ် အစိုးရအတွက် နောက်ထပ် အနှစ် ၂၀ ဆက်လက်ဝင်ငွေရနေစေရန် အကြောင်း ရှိပါသည်။ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍမှ ရရှိလာသည့် ၀င်ငွေများအပေါ် သီးခြားလွတ်လပ်သည့် ဌာနများက စောင့်ကြည့် လေ့လာခွင့် မရှိပါ။ မြန်မာနိုင်ငံ၏ အစိုးရစရင်းများတွင်လည်း ကျပ်ငွေဖြင့်သာ တရားဝင်ငွေလဲနှုန်းဖြင့် တွက်ချက်ပြီး စရင်းသွင်းပြသပါသည်။ တရားဝင်ငွေလဲနှုန်းမှာ ပြင်ပပေါက်ဈေးထက် အဆ ၂၀၀ ခန့် မြင့်၍ တွက်ချက်ထားခြင်း ဖြစ်ပါ သည်။ သို့အတွက်ကြောင့် ၀င်ငွေအများစုကို ခြေရာခံလိုက်၍ မရနိုင်ဘဲ မည်သို့အသုံးချနေသည်ကိုလည်း သိရှိနိုင်ရန် အကြောင်း မရှိပါ။ ဤအကြောင်းကြောင့်ပင် အပြည်ပြည်ဆိုင်ရာ ပွင့်လင်းမြင်သာမှုအဖွဲ့ (Transparency International) က မြန်မာနိုင်ငံကို ကမ္ဘာပေါ်တွင် ဒုတိယမြောက် အဆိုးရွားဆုံးခြစားနေသည့် အစိုးရအဖြစ် သတ်မှတ်ဖော်ပြခဲ့ခြင်း ဖြစ်ပါ သည်။ ၂၀၀၇ ခုနှစ်တွင် မြန်မာနိုင်ငံရှိ ထောင်သောင်းချီသော ပြည်သူများက လောင်စာဆီ ရုတ်တရက် အဆမတန်ဈေးနှုန်း မြှင့် တင်လိုက်သည့်အပေါ် လမ်းမပေါ်ထွက်၍ ဆန္ဒပြခဲ့ကြပါသည်။ မြန်မာနိုင်ငံက ရေနံနှင့် သဘာဝဓာတ်ငွေ့များ နိုင်ငံခြားသို့ တင်ပို့ရောင်းချနေသော်လည်း မြန်မာပြည်သူများမှာမူ လောင်စာစွမ်းအင်၊ လျှပ်စစ်၊ ချက်ပြုတ်စရာ ထင်းမီးလောင်စာ မရှိ ဖြစ်နေရပါသည်။ ဤသို့ဆိုလျှင် ပြည်သူများနှင့် စစ်အစိုးရအကြား၊ နိုင်ငံခြားကုမ္ပဏီကြီးများအကြား ပဋိပက္ခများ ပို၍ ကြီး ထွားလာရန် ရှိနေပါသည်။ လွတ်လပ်မှုကို ပိတ်ဆို့ခြင်း (Blocking Freedom) အစီရင်ခံစာမှ ထုတ်နှုတ်ထားသော စာသား ဖြစ်သည်။ မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေကဏ္ဍနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို သိရှိလိုပါက http://www.shwe.org သို့ သွားရောက်ကြည့်ရှုနိုင်ပါသည်။ |
ရေလွမ်းမိုးခြင်းကိုခုခံတွန်း |
![]() |
အစီရင်ခံစာရယူရန်။အင်္ဂလိပ်ဘာသာ |
| ----------------------------- |
အောက်ခြေရှိရေစီးကြောင်းများ |
![]() |
အစီရင်ခံစာရယူရန်။အင်္ဂလိပ်ဘာသာ |
| ------------------------------- |
| အခြားပုံနှိပ်ထုတ်ဝေမှုများ |