Skip to content
မြန်မာနိုင်ငံ၏ လှပသောမြစ်ချောင်းများ လွတ်လပ်စွာစီးဆင်းနိုင်ပါစေ
ဇီဝလောင်စာ Print E-mail
မြန်မာစစ်အစိုးရက တနိုင်ငံလုံးအတိုင်းအတာ စီမံကိန်း အနေဖြင့် ကြက်ဆူပင် ဧက ၈ သန်း စိုက်ပျိုးကြရန် စီမံကိန်းကို အကောင်အထည် ဖော်နေပါသည်။ ဤစိုက်ဧရိယာ စုစုပေါင်း အကျယ်အဝန်းမှာ ခန့်မှန်းခြေ ဘယ်လ်ဂျီယံနိုင်ငံမျှ ရှိပါလိမ့် မည်။ ၂-နှစ်တာကာလ ကြာသည့်အခြေအနေတွင် မြန်မာနိုင်ငံရှိ ပြည်သူများအနေဖြင့် ဤစီမံကိန်းအောက်တွင် အဓမ္မ လုပ်အား ခိုင်းစေခံကြရခြင်း၊ လယ်ယာစိုက်မြေများ သိမ်းဆည်းခံကြရခြင်း၊ ဝင်ငွေဆုံးရှုံးရ၍ စားနပ်ရိက္ခာ မဖူလုံ စိုးရိမ်ဖွယ် ဖြစ်လာသည့် ဒုက္ခအကျပ်အတည်းများ ကြုံခဲ့ကြရပါသည်။ တပြိုင်နက်တည်းမှာပင် သီးနှံထွက်များ ဆုတ်ယုတ်ကျဆင်းရ ခြင်းနှင့် မြန်မာနိုင်ငံ တိုင်းနှင့် ပြည်နယ်အသီးသီးတွင် လွဲမှားသော စီမံခန့်ခွဲမှုများကြောင့် ဤစီမံကိန်း၏ အထူး ဆိုးကျိုးများ ကို ဆိုးရွားစွာ ကြုံတွေ့ခံစားခဲ့ကြရပါသည်။

  • ရှမ်းပြည်နယ်တွင် ကြက်ဆူပင် အဓမ္မစိုက်ပျိုးခိုင်းနေပုံ။မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းအသီးသီးတွင် ကြက်ဆူပင် ဧက ၅ သိန်းစီကို ၃ နှစ်အတွင်း စိုက်ပျိုးရန် သတ် မှတ်ထားသည်။ ရန်ကုန်တိုင်းတွင်ဆိုလျှင် စိုက်ပျိုး၍ ရသောမြေများ၏ ၂ဝ ရာခိုင်နှုန်းကို ကြက်ဆူပင်များဖြင့် ဖုံးလွှမ်းနေလိမ့်မည် ဖြစ်ပါသည်။ မြန်မာနိုင်ငံရှိ ယောက်ျားတိုင်း၊ မိန်းမတိုင်း၊ ကလေးတိုင်း လူတဦးချင်းစီက ကြက်ဆူပင် ၁၇၇ ပင်ကို လျာထားချက် ပြည့်မီစေရန် စိုက်ပျိုးပေးကြရမည် ဖြစ်ပါသည်။
  • ၂ဝဝ၆ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံရှိ ကျောင်းဆရာများ၊ လယ်သမားများ၊ သူနာပြုများ၊ ဝန်ထမ်းများနှင့် အကျဉ်း သားများကိုလည်း လမ်းဘေးတွင် ကြက်ဆူပင်စိုက်ပျိုးရေးအတွက်၊ ကျောင်းများ၊ ဆေးရုံများ၊ ရုံးများ၊ ဘာသာရေး အဆောက်အဦများ ဝင်းအတွင်း၌ ကြက်ဆူပင် စိုက်ပျိုးရေးအတွက် လုပ်ဆောင်စေခဲ့ပါသည်။ ယခင်က ဆန်စပါး စိုက်ပျိုးမြေများ၌ပင် ကြက်ဆူပင်ကို ပြောင်းလဲစိုက်ပျိုးစေခဲ့ပါသည်။
  • မြန်မာနိုင်ငံ၏ ပြည်နယ်တိုင်းမှ မြို့နယ် ၃၂ ခုကို ကွင်းဆင်းလေ့လာခဲ့ရာတွင် တွေ့ဆုံမေးမြန်းမှု ၁၃၁ ခုအရ ဤစီမံ ကိန်းအတိုင်း လိုက်နာအကောင်အထည်ဖော်ရန် ပျက်ကွက်၍ ဒဏ်ငွေရိုက်ခံရခြင်း၊ ဖမ်းဆီးခံရခြင်း၊ သတ်ပစ်ခံရ မည်ဟု ခြိမ်းခြောက်ခံရခြင်းများ ကြုံတွေ့နေကြရကြောင်း သိရှိခဲ့ရပါသည်။ ကြက်ဆူပင်များကို ဖျက်ဆီးလျှင်၊ သို့ မဟုတ် ဤစီမံကိန်းကို ဝေဖန်ပြောဆိုလျှင်လည်း အလားတူ အပြစ်ပေးခံရနိုင်ပါသည်။
  • အခမဲ့ လုပ်အားပေးရန် အလွန်အကျူးတောင်းဆိုမှုများရှိနေပြီး၊ စိုက်ပျိုးမြေများကို ကြက်ဆူပင် အတွက်ခွဲဝေပေး နေရသောကြောင့် အိမ်ထောင်စုများ ၀င်ငွေကျဆင်းကာ စားနပ်ရိက္ခာ မလုံခြုံသည့် အခြေအနေနှင့် ကြုံနေကြရပါ သည်။ ကြက်ဆူပင် စီမံကိန်းကြောင့် ရှမ်းပြည်နယ် တောင်ပိုင်းဒေသတခုတည်းမှပင် "ကြက်ဆူပင် ဒုက္ခသည်" ၈၀၀ ခန့် ထိုင်းနိုင်ငံသို့ ထွက်ပြေးလာကြရပြီ ဖြစ်ပါသည်။
  • ဧက ၂, ၅ဝဝ မျှရှိသည့် စိုက်ခင်းကြီးများကို ဒေသရာသီဥတု၊ မြေဆီအနေအထား မစီစစ်ဘဲ ဆောင်ရွက် စိုက်ပျိုး ခဲ့ပြီး ပရမ်းပတာ စိုက်ပျိုးခဲ့ကြသောကြောင့် စိုက်ပျိုးခဲ့သမျှအပင်ရာခိုင်နှုန်းမှာ ၂၅ % မှသည် ၇၅ % အထိ ပျက်စီး နေရပြီ ဖြစ်ပါသည်။
  • စစ်အစိုးရက ဤကြက်ဆူစေ့များကို ၀င်ငွေအတွက် ရောင်းချနိုင်ကြောင်း၊ ဤဇီဝလောင်စာဆီကို မြန်မာနိုင်ငံတွင် ပြန်လည် အသုံးပြုမည်ဖြစ်ကြောင်း ပြောဆိုနေသော်လည်း လယ်သမားများနှင့် ဒေသခံ ရင်းနှီးမြှုပ်နှံထားသူများ မှာ အထွက်နှုန်း၊ ဈေးကွက်သဘောသဘာဝနှင့် ဆီဈေးနှုန်းကို တိတိကျကျ မသိကြပါ။ စစ်အစိုးရက ကြက်ဆူစေ့ များ နိုင်ငံခြားသို့ တင်ပို့ရောင်းချ၍ နိုင်ငံခြားဝင်ငွေရရှိအောင် လုပ်ဆောင်နေခြင်းသာ ဖြစ်ပါသည်။
အမိန့်အာဏာဖြင့် ဇီဝလောင်စာထုတ်လုပ်ခြင်း [Biofuel by Decree] အစီရင်ခံစာ အပြည့်အစုံကို ဖတ်ရှုနိုင်ရန် - မြန်မာဘာသာ | အင်္ဂလိပ်ဘာသာ
မြန်မာနိုင်ငံ ဇီဝလောင်စာစီမံကိန်း Biofuel in Burma နှင့် ပတ်သက်၍ အခြားဆောင်းပါးများ ဖတ်လိုပါက ဤနေရာကို ကလစ်ပါ
AddThis Social Bookmark Button