Skip to content
မြန်မာနိုင်ငံ၏ လှပသောမြစ်ချောင်းများ လွတ်လပ်စွာစီးဆင်းနိုင်ပါစေ
ဒါးဂွင်ဆည် Print E-mail

ဆည်နှင့် ပတ်သက်သည့် အချက်အလက်များ | ပတ်သက်နေသည့် ကုမ္ပဏီများ | ဘဏ္ဍာငွေကြေး | စီမံချက် လက်ရှိအခြေအနေ | ဆိုးကျိုးသက်ရောက်နိုင်မှုများ

ဒါးကွင်းဆည် သို့မဟုတ် သံလွင်မြစ်အောက်ပိုင်းဆည်သည် မြန်မာနိုင်ငံ အရှေ့ပိုင်း သံလွင်မြစ်ပေါ်တွင် တည်ဆောက်ရန် လျာထားသည့် ဆည် ၅ ခုအနက်မှတခု ဖြစ်ပါသည်။ ဆည်တည်ဆောက်မည့်နေရာသည် ထိုင်းနိုင်ငံ၊ မဲဟောင်ဆောင်ခရိုင် နှင့် မြန်မာနိုင်ငံ ကရင်ပြည်နယ် နယ်စပ်တွင် ရှိပါသည်။ ၎င်းဆည်ကို အထက်ပိုင်း ၀ဲကြီးဆည်အတွက် ရေတင်ပို့လွှတ်ပေး ရန် သိုလှောင်ဆည်အဖြစ် တည်ဆောက်မည် ဖြစ်ပါသည်။ ဒါးကွင်းဆည်ကို ၁၉၈၀ ခုနှစ်များမှ စတင်၍ ကြံစည်ထားခဲ့ပြီး၊ ၁၉၉၆ ခုနှစ်၊ ဇူလိုင်လတွင် ထိုင်းနိုင်ငံနှင့် မြန်မာအစိုးရတို့ လျှပ်စစ်ဝယ်ယူရေးအတွက် နားလည်မှုစာချွန်လွှာတရပ်ကို သဘောတူညီ လက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။

မြေပုံကို ပုံကြီးချဲ့ ကြည့်ရန်

ဆည်နှင့် ပတ်သက်သည့် အချက်အလက်များ
အမြင့်။ ခန့်မှန်း ၅၆ မီတာ။
တပ်ဆင်ထားသည့် စွမ်းအား။ ၇၉၂ မဂ္ဂါဝပ် (MW)။
နှစ်စဉ်ထုတ်လုပ်နိုင်မှု။ မသိရပါ။

ပတ်သက်နေသည့် ကုမ္ပဏီများ
ထိုင်းနိုင်ငံ၏ လျှပ်စစ်ထုတ်လုပ်ရေး အာဏာပိုင်အဖွဲ့ [Eletricity Generating Authority of Thailand (EGAT)] သည် ဒါးကွင်းဆည်တည်ဆောက်ရေးအတွက် ၁၉၈၀ ခုနှစ်များ အစောပိုင်းကပင် အစီအစဉ် ရေးဆွဲရေးလုပ်ငန်းများ၌ ပါဝင် ပတ်သက်နေခဲ့ပါသည်။ ၁၉၉၀ ခုနှစ်များ အစောပိုင်းတွင် ဆည်တည်ဆောက်ရေးနှင့် ပတ်သက်၍ လေ့လာမှုများ ဆောင် ရွက်ခဲ့ပြီး ဂျပန်နိုင်ငံမှ လျှပ်စစ်စွမ်းအား ထုတ်လုပ်မှု ကုမ္ပဏီ Electric Power Development Company (EPDC) က ဆောင်ရွက်ခဲ့ပါသည်။ ၂၀၀၈ ခုနှစ်၊ ဧပြီလတွင် တရုတ်နိုင်ငံမှ ကုမ္ပဏီကြီး ၃ ခုက မြန်မာနိုင်ငံ သံလွင်မြစ်မှ လျှပ်စစ် ထုတ်ယူရေးအတွက် မဟာဗျူဟာအရ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တရပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါ သည်။ သဘောတူညီချက် အသေးစိတ် အချက်အလက်များကို မသိရှိရပါ။
ထိုင်းနိုင်ငံမှ
ထိုင်းနိုင်ငံ၏ လျှပ်စစ်ထုတ်လုပ်ရေး အာဏာပိုင်အဖွဲ့ [Eletricity Generating Authority of Thailand (EGAT)]
ဂျပန်နိုင်ငံမှ
လျှပ်စစ်စွမ်းအား ထုတ်လုပ်မှု ကုမ္ပဏီ Electric Power Development Company (EPDC)
(ဖြစ်နိုင်သော) တရုတ်နိုင်ငံမှ ကုမ္ပဏီများ
ဆိုင်နို ဟိုက်ဒရို ကော်ပိုရေးရှင်း Sinohydro Corporation
တရုတ်နိုင်ငံတောင်ပိုင်း ပါဝါဂရစ် ကုမ္ပဏီ လီမိတက် China Southern Power Grid Co., Ltd. (CSG)
တရုတ်နိုင်ငံ ကျောက် ၃ လုံးဆည် စီမံကိန်း ဖွံ့ဖြိုးမှု ကော်ပိုရေးရှင်း China Three Gorges Project Development Corporation

ဘဏ္ဍာငွေကြေး
ဒါးကွင်းဆည် တည်ဆောက်ရေးအတွက် ကုန်ကျမှုစရိတ် ပဏာမခန့်မှန်းမှုမှာ အမေရိကန်ဒေါ်လာ သန်း ၉၀၀ ဖြစ်ပါသည်။ ဆည်မှ ထုတ်လုပ်နိုင်မည့် လျှပ်စစ်ဓါတ်အားရောင်းချရငွေသည် နှစ်စဉ်ထုတ်လုပ်နိုင်မှု ပမာဏနှင့် ၀ယ်ယူသည့် ဈေးနှုန်း အပေါ် မူတည်လိမ့်မည် ဖြစ်သည်။ လျှပ်စစ်ဝယ်ယူမည့် သဘောတူညီချက်ကို ယခုအချိန်တိုင် လက်မှတ်ရေးထိုးခြင်း မရှိ သေးပါ။

လျှပ်စစ်များက မည်သည့်နေရာသို့ ပေးပို့မည်နည်း။
ဒါးကွင်းဆည်မှ ထုတ်လုပ်မည့် လျှပ်စစ်များကို ထိုင်းနိုင်ငံသို့ ရောင်းချပေးပို့ရန် ရည်ရွယ်ထားသည်။ ဒေသခံပြည်သူများ အနေနှင့် လျှပ်စစ်အသုံးပြုခွင့် ရလိမ့်မည်ဟု မထင်ကြပါ။ သုံးခွင့်ရှိလျှင်သော်မှ တတ်နိုင်သောနှုန်းထားဖြစ်လိမ့်မည်ဟု မယူဆကြပါ။  

စီမံချက် လက်ရှိအခြေအနေ  (၂၀၀၈ ခုနှစ် စက်တင်ဘာလ နောက်ဆုံးအခြေအနေ)
ဒါးကွင်းဆည်တည်ဆောက်ရေးနှင့် ပတ်သက်၍ အစီအစဉ်ရေးဆွဲခြင်းနှင့် ဖြစ်နိုင်ခြေ စမ်းသပ်လေ့လာနေဆဲ အဆင့်၌သာ ရှိပါသေးသည်။

ဆိုးကျိုးသက်ရောက်နိုင်မှုများ
ဒါးကွင်းဧရိယာတ၀ိုက် လုံခြုံရေးယူနိုင်ရန်အတွက် ၁၉၉၀ ခုနှစ်များ အဆန်းပိုင်းမှစ၍ မြန်မာအစိုးရ စစ်တပ်များက ဒေသ အနီးတ၀ိုက်တွင်နေထိုင်သည့် ကရင်တိုင်းရင်းသား ကျေးရွာသားများအပေါ် ထိုးစစ်များ ဆင်နွှဲခဲ့ပါသည်။ ၎င်းထိုးစစ်များ မပြုလုပ်မီက ဒါးကွင်းဧရိယာသည် ကရင်တို့၏လွတ်မြောက်နယ်မြေ ဖြစ်ပြီး၊ လူဦးရေ ၁၀၀, ၀၀၀ ကျော် အခြေချနေထိုင်ခဲ့ ကြပါသည်။ ယခုအခါ ဤလူဦးရေတ၀က်ခန့်မှာ ထွက်ပြေးခဲ့ကြရပြီး ထိုင်းနိုင်ငံအတွင်းရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေ ထိုင်ကြရပါသည်။ ကျန်ရှိနေသူ လူအများစုမှာလည်း သူတို့၏ အိမ်များမှ ထွက်ပြေးခဲ့ကြရပြီး ပြည်တွင်း၌ အခြေမဲ့ ထွက် ပြေးတိမ်းရှောင်နေကြရသူ ပြည်တွင်းဒုက္ခသည် IDPs များ အဖြစ် နေထိုင်နေကြရပါသည်။ မြန်မာစစ်တပ်က ရွာသားများ အပေါ် ရက်စက် ကြမ်းကြုတ်မှုများစွာ ကျူးလွန်ခဲ့ပြီး ၎င်းဒေသလုံခြုံရေးအတွက် ဆက်လက်ကျူးလွန်နေဆဲ ဖြစ်ပါသည်။ ရွာသားများအနေနှင့် သတ်ဖြတ်ခံရခြင်း၊ အဓမ္မလုပ်အားခိုင်းစေခံရခြင်း၊ အဓမ္မရွှေ့ပြောင်းခံရခြင်း၊ နှိပ်စက်ညှဉ်းပမ်းခံရခြင်း၊ မုဒိမ်းကျင့်ခံရခြင်းများ အပါအ၀င် လူ့အခွင့်အရေးချိုးဖောက်မှုများ တွေ့ကြုံခဲ့ရပါသည်။ သတင်းအချက်အလက်များ ပိုမို သိရှိလိုပါက သေနတ်ထောက်၍ ဆည်တည်ဆောက်နေခြင်း [Damming at Gunpoint] အစီရင်ခံစာကို ကြည့်ပါ။

သံလွင်မြစ်ပေါ်တွင် တည်ဆောက်ရန် လျာထားသည့် ဆည်များအားလုံးသည် မြစ်ကြောင်း၏ ဂေဟစနစ်ကို အကြီး အကျယ် ထိခိုက်စေလိမ့်မည် ဖြစ်ပါသည်။ ထို့အပြင် မြစ်ကြောင်းတလျှောက်တွင် နေထိုင်ကြသည့် ပြည်သူများ၏ အသက်မွေးဝမ်းကျောင်းမှု လုပ်ငန်းများကို ပျက်စီးစေပါလိမ့်မည်။ မြစ်တလျှောက်ရှိ မြေနေရာများစွာတွင် မိရိုးဖလာ အရ တိုင်းရင်းသားလူမျိုးများ နေထိုင်ခဲ့ကြပြီး လယ်ယာစိုက်ပျိုးရေးနှင့် တိုင်းရင်းဆေးဝါးများ ရှာဖွေရေးအတွက် အသုံးပြုနေခဲ့ ကြပါသည်။ ဤနေရာများမှာ ရေလွှမ်းမိုးခံရမည် ဖြစ်ပြီး၊ မြစ်ကြောင်းတလျှောက် နေထိုင်ကြသူများသည်လည်း လျှော်ကြေး များ ရရှိခြင်း မရှိဘဲ အဓမ္မ ရွှေ့ပြောင်းနေရာချထား ခံရဖွယ် ရှိနေပါသည်။ ထိုမျှမက မြန်မာနိုင်ငံရှိ အကြီးစားဖွံ့ဖြိုးရေးစီမံ ကိန်းများကြောင့် စစ်တပ်တိုးချဲ့ချထားမှုနှင့်အတူ အဓမ္မလုပ်အားခိုင်းစေမှုများလည်း ဖြစ်ပေါ်လာစေလိမ့်မည်။ မြစ်အကြေ ပိုင်းတွင် နေထိုင်ကြသည့် ပြည်သူများအတွက်လည်း အခက်အခဲများ တွေ့ရဖွယ် ရှိပါသည်။ မြစ်ရေစီးကြောင်း ပြောင်းလဲ သွားမှုကြောင့် မြစ်အောက်ပိုင်းရှိ မြစ်လက်တက်များကို ထိခိုက်စေမည်ဖြစ်ပြီး၊ မြစ်ဝကျွန်းပေါ်ဒေသကို မှီခိုနေကြရသည့် စိုက်ပျိုးရေးနှင့် ငါးဖမ်းလုပ်ငန်းများကိုလည်း ထိခိုက်စေပါလိမ့်မည်။

ဒါးကွင်းဆည်နှင့် ပတ်သက်၍ အချက်အလက်များ ပိုမိုသိရှိလိုပါက သေနတ်ထောက်၍ ဆည်တည်ဆောက်နေခြင်း [Damming at Gunpoint] အစီရင်ခံစာကို ကြည့်ပါ။
သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့်ဆည်များနှင့် ပတ်သက်၍ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှု သတင်းများကို သိရှိလိုပါ က အင်တာနက်စာမျက်နှာ www.salweenwatch.org သို့ သွားရောက် ကြည့်ရှုနိုင်ပါသည်။

AddThis Social Bookmark Button