| ၀ဲကြီးဆည် |
|
|
|
ဆည်နှင့် ပတ်သက်သည့် အချက်အလက်များ | ပတ်သက်နေသည့် ကုမ္ပဏီများ | ဘဏ္ဍာငွေကြေး | စီမံချက် လက်ရှိအခြေအနေ | ဆိုးကျိုးသက်ရောက်နိုင်မှုများ ၀ဲကြီးဆည်သည် သံလွင်မြစ်ပေါ်တွင် တည်ဆောက်ရန်လျာထားသည့် ဆည် ၅ ခုအနက်မှ အကြီးဆုံး ဆည်တခု ဖြစ်ပါ သည်။ ထိုင်းနိုင်ငံ၏ လျှပ်စစ်ထုတ်လုပ်ရေး အာဏာပိုင်အဖွဲ့ [Eletricity Generating Authority of Thailand (EGAT)] က မြန်မာနိုင်ငံအစိုးရနှင့် ၂၀၀၅ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့တွင် ဆည်တည်ဆောက်ရေး နားလည်မှု စာချွန်လွှာတရပ် ကို လက်မှတ်ရေးထိုးခဲ့ပါသည်။ ထွက်ရှိလာသည့် လျှပ်စစ်ဓါတ်အားများကို ထိုင်းနိုင်ငံသို့ ထောက်ပံ့ပေးမည်ဖြစ်ပြီး၊ မြန်မာ စစ်အစိုးရအတွက် ၀င်ငွေ ရရှိစေပါလိမ့်မည်။ ဆည်နှင့် ပတ်သက်သည့် အချက်အလက်များ အမြင့်။ ၁၆၈ မီတာ၊ ရေအမြင့်ဆုံး ရှိနေချိန်တွင် ၂၂၀ မီတာ။ တပ်ဆင်ထားသည့် စွမ်းအား။ ၄,၅၄၀ မဂ္ဂါဝပ် (MW) မှ ၅,၆၀၀ မဂ္ဂါဝပ် (MW) အကြား။ နှစ်စဉ်ထုတ်လုပ်နိုင်မှု။ မသိရပါ။ ပတ်သက်နေသည့် ကုမ္ပဏီများ မြန်မာနိုင်ငံမှ အစိုးရပိုင် မြန်မာ့လျှပ်စစ်လုပ်ငန်း ကော်ပိုရေးရှင်း ထိုင်းနိုင်ငံမှ ထိုင်းနိုင်ငံ၏ လျှပ်စစ်ထုတ်လုပ်ရေး အာဏာပိုင်အဖွဲ့ [Eletricity Generating Authority of Thailand (EGAT)] (ဖြစ်နိုင်သော) တရုတ်နိုင်ငံမှ ကုမ္ပဏီများ ဆိုင်နို ဟိုက်ဒရို ကော်ပိုရေးရှင်း Sinohydro Corporation တရုတ်နိုင်ငံတောင်ပိုင်း ပါဝါဂရစ် ကုမ္ပဏီ လီမိတက် China Southern Power Grid Co., Ltd. (CSG) တရုတ်နိုင်ငံ ကျောက် ၃ လုံးဆည် စီမံကိန်း ဖွံ့ဖြိုးမှု ကော်ပိုရေးရှင်း China Three Gorges Project Development Corporation ဘဏ္ဍာငွေကြေး ၀ဲကြီးဆည် တည်ဆောက်ရေးအတွက် ကုန်ကျမှုစရိတ် ပဏာမခန့်မှန်းမှုကို မသိရှိရပါ။ လျှပ်စစ်များက မည်သည့်နေရာသို့ ပေးပို့မည်နည်း။ ၀ဲကြီးဆည်မှ ထုတ်လုပ်မည့် လျှပ်စစ်များကို ထိုင်းနိုင်ငံသို့ ရောင်းချပေးပို့ရန် ရည်ရွယ်ထားသည်။ စီမံချက် လက်ရှိအခြေအနေ (၂၀၀၈ ခုနှစ် စက်တင်ဘာလ နောက်ဆုံးအခြေအနေ) ဆည်တည်ဆောက်ရေးနှင့် ပတ်သက်၍ စတင်နိုင်ခြင်း မရှိသေးပါ။ သို့သော်လည်း (နအဖ) စစ်အစိုးရ၏ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူး ကြီးသန်းရွှေနှင့် နီးစပ်သူတဦးဖြစ်သည့် ဦးတေဇ ပိုင်ဆိုင်သည့် "ထူးကုမ္ပဏီ" က ဆည်တည်ဆောက်မည့် နေရာများမှ သစ် များကို စတင်ထုတ်ယူနေပြီ ဖြစ်ပါသည်။ (သံလွင်မြစ် စောင့်ကြည့်လေ့လာရေးအဖွဲ့၏ သတင်းစာ Salween Watch Newsletter Volume 1 ကို ကြည့်ပါ။) ဆိုးကျိုးသက်ရောက်နိုင်မှုများ ဧရိယာ ၆၄၀ စတုရန်း ကီလိုမီတာ ကျယ်ဝန်းသည့် ၀ဲကြီးရေလှောင်တမံကြောင့် ကရင်နီပြည်နယ်တွင် ရေလွှမ်းမိုးမှုများ ဖြစ်လာစေလိမ့်မည်။ ကရင်နီပြည်နယ်၏ ရှေးဟောင်းမြို့များဖြစ်သည့် ဘောလခဲ၊ ဖာဆောင်းတို့ အပါအ၀င် ကျေးရွာပေါင်း ၂၈ ရွာသည်လည်း ရေနစ်မြုပ်ခံရမည် ဖြစ်သည်။ လူအနည်းငယ်သာ ကျန်တော့သည့် လူဦးရေ ၁,၀၀၀ ခန့်ရှိ ယင်းတလိုင်း လူမျိုးများ အပါအ၀င် လူပေါင်း ၃၀,၀၀၀ သည်လည်း ၎င်းတို့၏ ဇာတိမြေကို စွန့်ခွါရွှေ့ပြောင်းကြရမည် ဖြစ်ပါသည်။ ထိုင်း နိုင်ငံအတွင်းသို့ ဒုက္ခသည်များ ထပ်မံဝင်ရောက် ခိုလှုံလာဖွယ်လည်း ရှိနေပါသည်။ လူများ၏ သက်မွေးဝမ်းကျောင်း လုပ်ငန်းများ ပျက်စီးရဖွယ်ရှိပြီး၊ သမိုင်းဝင်နေရာများ ရေလွှမ်းခံရသည်နှင့်အမျှ ကရင်နီ လူမျိုးများ၏ ယဉ်ကျေးမှု အမွေအနှစ်များလည်း အကြီးအကျယ် ဆုံးရှုံးပျောက်ကွယ်ရဖွယ် ရှိနေပါသည်။ လူဦးရေ ၁,၀၀၀ မျှသာ ကျန်ရှိတော့သည့် ယင်းတလိုင်းလူမျိုးများသည်လည်း နေထိုင်မှုပြန့်ကျဲသွားရခြင်းနှင့် နေရာပြောင်းရွှေ့နေထိုင်ရမှု ကြောင့် သက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြောင်းလဲလာသည်နှင့်အမျှ လူမျိုးတုန်း ပျောက်ကွယ်သွားရဖွယ် ရှိနေပါသည်။ အကယ်၍ ယခုဆည် စီမံကိန်းကို လောပီတရေအားလျှပ်စစ် စီမံကိန်းကဲ့သို့ တည်ဆောက်မည် ဆိုပါက၊ ဆည်အနီးတ၀ိုက် နေထိုင်ကြသူများသည် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ အဓမ္မနေရာပြောင်းရွှေ့ရမှုများ၊ မြေသိမ်းပိုက်မှုများ၊ မြေမြုပ်မိုင်း ကြောင့် ထိခိုက်ဒဏ်ရာရမှုများ ထပ်မံကြုံတွေ့ခံစားရဖွယ် ရှိပါသည်။ လောပီတ ရေအားလျှပ်စစ်စီမံကိန်းကဲ့သို့ပင် ၀ဲကြီး ဆည်တည်ဆောက်မည့်နေရာသည်လည်း ယခုတိုင် လက်နက်ကိုင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေဆဲ ဒေသ ဖြစ်ပါ သည်။ ဆည်ကြောင့်ဖြစ်လာသည့် ဆိုးကျိုးများကြောင့် ကရင်နီပြည်သူများအဖို့ အတောမသတ်နိုင်သည့် ရေရှည်လူမှု ဒုက္ခ ဆိုးကျိုးများ ကြုံတွေ့ခံစားရဖွယ် ရှိနေပါသည်။ အချက်အလက်များ ပိုမိုသိရှိလိုပါက မြန်မာဗိုလ်ချုပ်များက အကျိုးနဲစေရန် ဆည်များတည်ဆောက်နေခြင်း Dammed by Burma's Generals အစီရင်ခံစာကို ဖတ်ရှုစေလိုပါသည်။ သံလွင်ဆည်များနှင့် ပတ်သက်၍ အချက်အလက်များ ပိုမိုသိရှိလိုပါက၊ နောက်ဆုံး အခြေအနေများ သိရှိလိုပါက www.salweenwatch.org သို့ သွားရောက် ကြည့်ရှုစေလိုပါသည်။ |