| ပေါင်းလောင်းဆည်များ |
|
|
|
ဆည်နှင့် ပတ်သက်သည့် အချက်အလက်များ | ပတ်သက်နေသည့် ကုမ္ပဏီများ | ဘဏ္ဍာငွေကြေး | စီမံချက် လက်ရှိအခြေအနေ | ဆိုးကျိုးသက်ရောက်နိုင်မှုများ ၂၀၀၅ ခုနှစ်၊ မတ်လတွင် မြန်မာနိုင်ငံ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနက တရုတ်ကုမ္ပဏီများ၏ ငွေကြေးနှင့် တည်ဆောက် ရေး အကူအညီပံ့ပိုးမှုဖြင့် ပေါင်းလောင်းမြစ်ပေါ်တွင် ပေါင်းလောင်းမြစ် အောက်ဖက်ဆည်ကို တည်ဆောက်ပြီးစီးခဲ့ပြီ ဖြစ် ပါသည်။ ဤမြစ်သည် မန္တလေးတိုင်းအတွင်း၌ စစ်တောင်းမြစ်တွင်းသို့ မစီးဝင်မီ ရှမ်းပြည်နယ်ကို ဖြတ်သန်းစီးဆင်းလာပါ သည်။ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနက အထက်ပေါင်းလောင်းဆည် တည်ဆောက်ရေးအတွက် နားလည်မှုစာချွန်လွှာကို ၂၀၀၅ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။ ဆည်နှင့် ပတ်သက်သည့် အချက်အလက်များ ပေါင်းလောင်းမြစ် အောက်ဖက်ဆည် အမြင့်။ ခန့်မှန်း ၁၃၁ မီတာ။ တပ်ဆင်ထားသည့် စွမ်းအား။ ၂၈၀ မဂ္ဂါဝပ် (MW)။ နှစ်စဉ်ထုတ်လုပ်နိုင်မှု။ မသိရပါ။ ပေါင်းလောင်းမြစ် အထက်ဖက်ဆည် အမြင့်။ ခန့်မှန်း ၉၉ မီတာ။ တပ်ဆင်ထားသည့် စွမ်းအား။ ၁၄၀ မဂ္ဂါဝပ် (MW)။ နှစ်စဉ်ထုတ်လုပ်နိုင်မှု။ ၄၃၄ ကီလိုဝပ်နာရီသန်းပေါင်း (Gwh) ပတ်သက်နေသည့် ကုမ္ပဏီများ ပေါင်းလောင်းမြစ် အောက်ဖက်ဆည်ကို မြန်မာနိုင်ငံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန (MEPE) နှင့် ယူနန် စက်ယန္တယား သွင်း ကုန်၊ ထုတ်ကုန် ကုမ္ပဏီ [Yunnan Machinery Equipment Import & Export Co. (YMEC)] တို့က ဖက်စပ်တည် ဆောက်ခဲ့ကြပါသည်။ တရုတ်နိုင်ငံ သွင်းကုန်-ထုတ်ကုန်ဘဏ် [Export-Import Bank of China (China Exim Bank)] က အမေရိကန်ဒေါ်လာ သန်း ၁၂၀ ကို ဤစီမံချက်အတွက် ချေးငွေအဖြစ် ထုတ်ချေးခဲ့ပါသည်။ ဆိုင်နိုဟိုက်ဒရိုကုမ္ပဏီက ဆောက်လုပ်ရေးပစ္စည်းများနှင့် အခြားပံ့ပိုးမှုများ ပြုခဲ့ပါသည်။ တရုတ်နိုင်ငံမှ ယူနန် စက်ယန္တယား သွင်းကုန်၊ ထုတ်ကုန် ကုမ္ပဏီ [Yunnan Machinery Equipment Import & Export Co. (YMEC)] တရုတ်နိုင်ငံ သွင်းကုန်-ထုတ်ကုန်ဘဏ် [Export-Import Bank of China (China Exim Bank)] ဆိုင်နိုဟိုက်ဒရို ကော်ပိုရေးရှင်း ဂျာမဏီနိုင်ငံမှ FOSCE အင်ဂျင်နီယာ အကြံပေးလုပ်ငန်း (FOSCE Consulting Engineers) ဘဏ္ဍာငွေကြေး ပေါင်းလောင်းမြစ် အောက်ဖက်ဆည်အတွက် ရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ သန်း ၃၀၀ ခန့် ရှိပါသည်။ တရုတ် နိုင်ငံ သွင်းကုန်-ထုတ်ကုန်ဘဏ် [Export-Import Bank of China (China Exim Bank)] က အမေရိကန်ဒေါ်လာ သန်း ၁၂၀ ကို ဤစီမံချက်အတွက် ချေးငွေအဖြစ် ထုတ်ချေးခဲ့ပါသည်။ ယူနန် စက်ယန္တယား သွင်းကုန်၊ ထုတ်ကုန် ကုမ္ပဏီ (YMEC) က စာချုပ်အရ အမေရိကန်ဒေါ်လာ သန်း ၁၆၀ ဖိုး စက်ပစ္စည်းများ ထောက်ပံ့ပေးခဲ့ပါသည်။ ယူနန် စက်ယန္တယား သွင်းကုန်၊ ထုတ်ကုန် ကုမ္ပဏီ (YMEC) က ပေါင်းလောင်းမြစ် အထက်ပိုင်းဆည်အတွက်လည်း စာချုပ်အရ အမေရိကန်ဒေါ်လာ သန်း ၈၀ ဖိုး စက်ပစ္စည်းများ ထောက်ပံ့ပေးရန် သဘောတူထားပြီး ဖြစ်ပါသည်။ လျှပ်စစ်များက မည်သည့်နေရာသို့ ပေးပို့မည်နည်း။ ပေါင်းလောင်းမြစ် အောက်ဖက်ဆည်မှ ထွက်ရှိလာသည့် လျှပ်စစ်ဓါတ်အား အများစုကို ယခုအခါ စစ်အစိုးရ၏ မြို့တော်သစ် နေပြည်တော်သို့ ပို့လွှတ်နေပြီ ဖြစ်ပါသည်။ ပေါင်းလောင်းမြစ် အထက်ဖက်ဆည်မှ လျှပ်စစ်ဓါတ်အားကိုလည်း နေပြည် တော်သို့ပင် ပို့လွှတ်မည်ဟု ခန့်မှန်းရပါသည်။ ဒေသခံပြည်သူများက ပေါင်းလောင်းမြစ် အောက်ဖက်ဆည်မှ လျှပ်စစ်ဓါတ် အားကို ရယူခံစားနိုင်ခွင့် မရှိကြပါ။ အလားတူ ပေါင်းလောင်းမြစ် အထက်ဖက်ဆည်ပြီးလျှင်လည်း ထွက်ရှိလာသည့် လျှပ်စစ်ဓါတ်အားကို သုံးစွဲခွင့် ရလိမ့်မည်ဟု မမျှော်လင့်ထားကြပါ။ စီမံချက် လက်ရှိအခြေအနေ (၂၀၀၈ ခုနှစ် စက်တင်ဘာလ နောက်ဆုံးအခြေအနေ) ပေါင်းလောင်းမြစ် အောက်ဖက်ဆည်ကို ၂၀၀၅ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ပြီး ယခုအခါ စတင်လည်ပတ်နေပြီ ဖြစ်ပါ သည်။ ပေါင်းလောင်းမြစ် အထက်ဖက်ဆည်ကို စတင်တည်ဆောက်ရန် ၂၀၀၄ ခုနှစ်တွင် စတင်ပြင်ဆင်ခဲ့ပြီး၊ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလတွင် ပြီးစီးရန် လျာထားပါသည်။ ဆိုးကျိုးသက်ရောက်နိုင်မှုများ ပေါင်းလောင်းမြစ် အထက်ဖက်ဆည် တည်ဆောက်မည့်နေရာသို့ မြန်မာစစ်တပ် တပ်ရင်းများကို စေလွှတ်ချထားခဲ့ပါသည်။ သို့အတွက်ကြောင့် အဓမ္မလုပ်အားခိုင်းစေမှုများလည်း တိုးတက်ဖြစ်ပေါ်လာခဲ့ပါသည်။ ၂၀၀၄ ခုနှစ်တွင် စစ်တပ်စခန်းသစ် တခုကို ပေါင်းလောင်းမြစ် အထက်ဖက်ဆည်နှင့် ၄ မိုင်အကွာတွင် ချထားလာခဲ့ပါသည်။ ကျေးရွာလူထုများကို စခန်းတည် ဆောက်ရန်အတွက် မြေရှင်းရန် အဓမ္မခိုင်းစေခဲ့ပြီး ရွာသားအချို့မှာ အလုပ်လုပ်ရစဉ် ငှက်ဖျားရောဂါကြောင့် သေဆုံးခဲ့ရပါ သည်။ ၂၀၀၆ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် ကျေးရွာသားများကို ပေါင်းလောင်းမြစ် အထက်ပိုင်းဆည်နေရာသို့ ချည်းကပ်လမ်း များကို ဖောက်လုပ်ရန် အဓမ္မခိုင်းစေခဲ့ပါသည်။ ပေါင်းလောင်းမြစ်ဝှမ်းဒေသရှိ လူဦးရေ ၃,၅၀၀ ကျော်နေထိုင်ရာ ရွာပေါင်း ၁၂ ရွာမှာ ပေါင်းလောင်းမြစ်အထက်ပိုင်းဆည် ကြောင့် ရေလွှမ်းမိုးနစ်မြုပ်ခံရမည် ဖြစ်ပါသည်။ ၂၀၀၇ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် ရေလွှမ်းခံရမည့်နေရာများမှ ပြောင်းရွှေ့ကြ ရန် သတိပေးခဲ့ပြီး အဓမ္မပြောင်းရွှေ့စေခဲ့ပါသည်။ ကျေးရွာသားများကို ဆည်တည်ဆောက်ရေးနှင့်ပတ်သက်၍ တိုင်ပင် အကြံဉာဏ်ရယူခဲ့ခြင်း မရှိသလို၊ ပြောင်းရွှေ့ကြရသည့်အတွက် လျော်ကြေးများ ရရှိခြင်းလည်း မရှိပါ။ ပေါင်းလောင်းမြစ် အောက်ပိုင်းဆည် တည်ဆောက်ပြီးစီးချိန်မှစ၍ ပေါင်းလောင်းမြစ်ထဲတွင် ငါးမျိုးများလည်း နည်းပါးလာခဲ့ပါသည်။ ပေါင်းလောင်းမြစ် အထက်ပိုင်းဆည်ကြောင့် ငါးမျိုးများ ပို၍ တုန်းသွားမည့် အရေးရှိနေပါသည်။ ဤဆည်များ၏ ဆိုးကျိုး ကြောင့် ရွာသားများ၏ သက်မွေးဝမ်းကျောင်းမှု လုပ်ငန်းများ ပျက်စီးဆုံးရှုံးကြရမည်ဖြစ်ပြီး အများစုမှာ ဘ၀ရှင်သန်ရပ်တည် ရေးအတွက် စိုက်ပျိုးရေးနှင့် တံငါလုပ်ငန်းများကို အားထားမှီခိုနေကြရသူများ ဖြစ်ပါသည်။ သတင်းအချက်အလက်များ ပိုမိုသိရှိနိုင်ရန်အတွက် ကယန်းမြေ၏ နတ်စိမ်းတစ္ဆေတို့ကို ရေနှစ်မြုပ်စေခြင်း။ ပေါင်းလောင်း မြစ် အထက်ပိုင်းဆည်၏ ဆိုးကျိုးသက်ရောက်မှုများ (Drowning the Green Ghost of Kayanland: Impacts of the Upper Paunglaung Dam in Burma) အစီရင်ခံစာကို ကြည့်ပါ။ |
ရေလွမ်းမိုးခြင်းကိုခုခံတွန်း |
![]() |
အစီရင်ခံစာရယူရန်။အင်္ဂလိပ်ဘာသာ |
| ----------------------------- |
အောက်ခြေရှိရေစီးကြောင်းများ |
![]() |
အစီရင်ခံစာရယူရန်။အင်္ဂလိပ်ဘာသာ |
| ------------------------------- |
| အခြားပုံနှိပ်ထုတ်ဝေမှုများ |