Skip to content
မြန်မာနိုင်ငံ၏ လှပသောမြစ်ချောင်းများ လွတ်လပ်စွာစီးဆင်းနိုင်ပါစေ
ထုတ်ပြန်ကြေညာချက်များ
ချင်းတွင်းမြစ်ထာဝစဉ်စီးဆင်းရေးကာကွယ်ရန်အတွက် ဆုတောင်းပွဲတွင် ပါဝင်ခဲ့သည့် ဒေသခံပြည်သူများအား အကြမ်းဖက်မှုနည်းလမ်းဖြင့် ဖြေရှင်းခဲ့သော မြန်မာအစိုးရလုပ်ရပ်အပေါ် ကူကီးအမျိုးသမီးများနှင့် ကူကီးကျောင်းသားများမှ ပြစ်တင်ပြော ဆိုလိုက်ခြင်း Print E-mail

၁၀.၄.၂၀၁၂                                                                                                                                                     
ထမံသီရေကာတာနှင့် ပတ်သက်၍ ကူကီးအမျိုးသမီးဆိုင်ရာလူ့အခွင့်အရေးအစည်းအရုံးနှင့် ကူကီးကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးမှ ထုတ်ပြန်ကြေညာချက်
ကူကီးအမျိုးသမီးဆိုင်ရာလူ့အခွင့်အရေးအစည်းအရုံးနှင့် ကူကီးကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးသည်  မြန်မာပြည် အနောက်မြောက်ဘက် ချင်းတွင်းမြစ်ပေါ်ရှိ လေဝေယံရွာတွင် ၁၄-၃-၂၀၁၂နေ့ နိုင်ငံတကာမြစ်ချောင်းများနေ့ အထိမ်းအမှတ်အဖြစ် ငြိမ်းချမ်းစွာ ဘာသာပေါင်းစုံဆုတောင်းပွဲကျင်းပခဲ့သော ဒေသခံတိုင်းရင်းသား ခေါင်းဆောင်တချို့အပေါ် အကြမ်းဖက်မှုဖြင့် ဖြေရှင်းခဲ့သော မြန်မာအာဏာပိုင်များအား ပြစ်တင်ပြောဆိုလိုက်သည်။

AddThis Social Bookmark Button
ဆက်ဖတ်ရန် . . .
 
မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေးနှင့်ဖွံ့ ဖြိုးတိုးတက်ရေးအပေါ် ထုတ်ပြန်ကြေညာချက် Print E-mail
နေ့စွဲ့။    ။ ဧပြီလ (၁၀) ရက်၊ ၂၀၁၂ ခုနှစ်
မြန်မာနိုင်ငံ ငြိမ်းချမ်းရေးကို တိုးမြှင့်လုပ်ဆောင်နိုင်ရန် နိုင်ငံတကာအလှူရှင်များသည် လူသားချင်းစာနာထောက်ထားမှုအကူအညီနှင့် ဖွံ့ဖြိုးတိုးတက်ရေးအကူအညီများ အရေးတကြီးတိုးမြှင့် ပြင်ဆင်လာကြသည်နှင့်အမျှ ယခုလိုအရေးကြီးသည့်အချိန်၌ မိမိတို့အနဖြေင့် နယ်စွန်နယ်ဖျားတွင် လစ်လျူရှုခံရသူများနှင့် အားအင်ချိနဲ့သူများအတွက် ပံ့ပိုးကူညီနေသည့် နယ်စပ်-ဖြတ်ကျော်ကူညီထောက်ပံ့မှုများ ကန့်သတ်လျှော့ချလာခြင်း (သို့မဟုတ်) ဖြတ်တောက်လာခြင်းအပေါ်များစွာ စိုးရိမ်ပူပန်မိကြပါသည်။
AddThis Social Bookmark Button
ဆက်ဖတ်ရန် . . .
 
မြစ်ဆုံဆည်အတွက် ရွေ့ပြောင်းခံရသော ရွာသားများ ယခုချိန်ထိ နေရပ်သို့ မပြန်နိုင်ကြသေး Print E-mail
ကချင်လူမှု ဖွံ့ဖြိုးရေး ကွန်ယက်အဖွဲ့၏ ထုတ်ပြန်ကြေညာချက်
မတ် ၂ ရက်၊ ၂၀၁၂
 
 ယမန်နှစ်အတွင်း သမ္မတကြီး ဦးသိန်းစိန်မှ မြစ်ဆုံဆည်ကိစ္စ ဆိုင်းငံ့ထားခဲ့ချိန်မှ စပြီး စီမံကိန်းအတွက် ရွေ့ပြောင်းခံခဲ့ရသော ရွာသားများသည် ၄င်းတို့၏ မူလကျေးရွာဟောင်းများသို့ ပြန်လည်နေထိုင်ကြရန် ခွင့်ပြုခြင်း မခံကြရသေးပေ။ ထိုသို့ တားမြစ်ထားသော်လည်း ရွေ့ပြောင်းခံခဲ့ရသော ရွာသားများသည် ဧရာဝတီဆည်များ အပြီးအပိုင် ရုတ်သိမ်းရေးနှင့် ၄င်းတို့အား ရွှေ့ပြောင်းခိုင်းခြင်းအတွက် ကြောက်ရွံ့မှု မရှိစေပဲ နေရပ်တွင် တရားဝင် ပြန်လည်နေထိုင်ခွင့် ပြုရေးအတွက် တောင်းဆိုရန်  ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် နေရပ်သို့ ပြန်ခဲ့ကြသည်။
AddThis Social Bookmark Button
ဆက်ဖတ်ရန် . . .
 
မြန်မာအစိုးရက စွမ်းအင်တင်ပို့ရောင်းချငွေအလုံးအရင်းကို လက်ဝယ်ရရှိနေသော်လည်း ပြည်သူ များမှာ လောင်စာစွမ်းအင် ဈေးနှုန်းအဆမတန်မြင့်တက်မှုဒါဏ် ကိုရင်ဆိုင်နေကြရသည် Print E-mail
ချက်ချင်းထုတ်ပြန်ရန်

ရခိုင့်ရေနံစောင့်ကြည့်ရေးအဖွဲ့နှင့် မြန်မာနိုင်ငံမြစ်ချောင်းများဆိုင်ရာကွန်ယက်၏ပူးတွဲသတင်းထုတ်ပြန်ချက်
                                                                            ရက်စွဲ။  ။၂ဝ၁၂ ခုနှစ်၊ဇန်နဝါရီ လ(၁၀)ရက်။

မြန်မာအစိုးရသည် တိုင်းပြည်မှထွက်ရှိသော လောင်စာ၊စွမ်းအင်များကို အိမ်နီးနားချင်းနိုင်ငံများသို့တင်ပို့ ရောင်းချရာမှ ဝင်ငွေဒေါ်လာ ဘီလီယံပေါင်းများစွာကို လက်ဝယ်ရရှိနေသော်လည်း လွန်ခဲ့သောအပတ်တွင်  ပြည်တွင်းလျှပ်စစ်ဓါတ်အားခနှုန်းထားကို နှစ်ဆ နှင့် လောင်စာဆီဈေး နှုန်းကိုလည်း သုံးပုံတစ်ပုံထိ အသီးသီးမြင့်တင်လိုက်သည်။
AddThis Social Bookmark Button
ဆက်ဖတ်ရန် . . .
 
ကူကီးအမျိုးသမီးများမှ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံအား တိုက်တွန်းတောင်းဆိုချက်: ချင်းတွင်းမြစ်တွင် ဆည်တည်ဆောက်မှုရပ်တန့်ပြီး မိမိတို့အား အိမ်ပြန်ခွင့်ပြုပါ။ Print E-mail

ရက်စွဲ။    ၈ ဒီဇင်ဘာလ ၂၀၁၁

ကူကီးအမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေးအစည်းအရုံး   (KWHRO) မှ
ထုတ်ပြန်ကြေညာချက်
အိန္ဒိယနှင့် မြန်မာနိုင်ငံအနေဖြင့် ချင်းတွင်းမြစ်ပေါ်တွင် ပြုလုပ်နေသော ကြီးမားသည့် ထံမသီဆည်ဆောက်လုပ်ရေး စီမံကိန်းအား ချက်ချင်း ရပ်ဆိုင်း၍ အဓမ္မ နေရာပြောင်းရွှေ့ ခံရပြီးသော ပြည်သူပေါင်း ၂၄၀၀ ကျော်အား အိမ်ပြန်ခွင့်ပြုရန် ထိခိုက်ခံရသူ ကူကီအမျိုး သမီးများမှ တောင်းဆိုလိုက်သည်။
AddThis Social Bookmark Button
ဆက်ဖတ်ရန် . . .
 
ပြည်သူလူထုထောင်ပေါင်းများစွာကို အဓမ္မပြောင်းရွေ့မည့် မြန်မာပြည်တွင်းစစ်မီးကြားက ရွှေလီရေကာတာသစ်များ Print E-mail
သတင်းထုတ်ပြန်ချက်- ၂၉ ရက် နိုဝင်ဘာလ ၂၀၁၁ခုနှစ်။
စစ်တပ်ကျောထောက်နောက်ခံ မြန်မာအစိုးရမှ ဧရာဝတီမြစ်၏ အဓိကမြစ်လက်တက်တခုဖြစ်သော ရွှေလီမြစ်ပေါ်တွင် တည်ဆောက်နေဆဲဖြစ်သည့် ကြီးမားသော ရွှေလီရေကာတာ နှစ်ခုသည် ဒေသခံပြည်သူ ၃၀၀၀ ကျော်ကို အတင်းအဓမ္မ နေရာရွေ့ပြောင်းခြင်းနှင့် ဒေသခံပြည်သူ ၁၅၀၀၀ အပေါ်တိုက်ရိုက်ဆိုးကျိုးများဖြစ်ပ်ါစေမည်ဟု ဒေသခံများ သုတေသနပြုခဲ့သည့် ယနေ့ထုတ်ဝေသော အစီခံစာသစ်တွင် ဖော်ပြထားပါသည်။
AddThis Social Bookmark Button
ဆက်ဖတ်ရန် . . .
 
မြန်မာအစိုးရသည် ဧရာဝတီမြစ်ဆုံနေရာ၌ အကြီးစား ရွှေတူးဖော်ရေးကို လုပ်နေပြီး တဖက်တွင် အသေးစား ရိုးရာလက်လုပ်ရွှေတူးသမားများကို ဖမ်းဆီးထောင်ချနေသည်။ Print E-mail
ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့မှ ထုတ်ပြန်ကြေညာချက်
နိုဝင်ဘာ ၁၅ ရက်၊ ၂၀၁၁ ခုနှစ်။
မြန်မာအစိုးရသည် ဧရာဝတီမြစ်ဆုံနေရာ၌ အကြီးစား ရွှေတူးဖော်ရေးကို လုပ်နေပြီး တဖက်တွင် အသေးစား ရိုးရာလက်လုပ်ရွှေတူးသမားများကို ဖမ်းဆီးထောင်ချနေသည်။

မြစ်ဆုံဒေသအတွင်းတွင် သတ္တုတွင်းဝန်ကြီးဌာနနှင့် အကျိုးတူတွဲဖက်လုပ်ဆောင်သည့် လုပ်ငန်းများသာ ရွှေတူးဖော်ခွင့်ရှိကြောင်း ဒေသခံများကို သတိပေးခဲ့ပြီးသည့်နောက် ပြီးခဲ့သည် အောက်တိုဘာလတွင် မြန်မာစစ်အစိုးရသည် ဧရာဝတီဆုံဆည်အနီးတ၀ိုက် တွင်  ရွှေကျင်ခဲ့ကြသည့် ရွာသား ၁၁ ယောက်ကို ရိုက်နှက်ထောင်ချခဲ့သည်။
AddThis Social Bookmark Button
ဆက်ဖတ်ရန် . . .
 
ထောက်ပံ့မှုအသစ်အတွက် မစဉ်းစားမီ ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ၏ အခွင့်အရေးချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးမှု ပြုလုပ်သင့်သည် Print E-mail

အရေးပေါ်ထုတ်ပြန်ကြေငြာချက်
၂ နိုဝင်ဘာလ ၂၀၁၁

မြန်မာနိုင်ငံ မြစ်ချောင်းများဆိုင်ရာကွန်ယက် (BRN) နှင့်အတူ မြန်မာနိုင်ငံတွင်း ဆည်ကြောင့် ထိခိုက်ခံရသည့် လူ့အဖွဲ့အစည်းများအတွက် ကိုယ်စားပြုလုပ်ဆောင်နေ သော ကရင်နီဖွံ့ဖြိုးတိုးတက်ရေး သုတေသနအဖွဲ့ (KDRG) တို့မှ ဂျပန်အစိုးရအား မြန်မာ နိုင်ငံကို ထောက်ပံ့မှုအသစ်ပေးရေးအတွက် မစဉ်းစားမီ ကရင်နီပြည်နယ်တွင် လုပ်ဆောင် နေသော မြန်မာနိုင်ငံ၏ ပထမဆုံး အကြီးစား ရေအားလျှပ်စစ်စီမံကိန်းဖြစ်သည့် လောပိတ (ဘီလူးချောင်း) ရေအားလျှပ်စစ်စီမံကိန်း အမှတ် ၂ နှင့် သက်ဆိုင်သော အခွင့်အရေးချိုး ဖောက်မှုများကို ဦးစွာ စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် တိုက်တွန်းလိုက်သည်။ လောပိတစီမံ ကိန်းကို ဒုတိယကမ္ဘာစစ်ပြီးနောက် ဂျပန်တို့၏ စစ်လျော်ကြေးငွေဖြင့် ထောက်ပံ့လုပ် ဆောင်ခဲ့ခြင်းဖြစ်သည်။
AddThis Social Bookmark Button
ဆက်ဖတ်ရန် . . .
 
More Articles...
<< Start < Prev 1 2 3 Next > End >>

Page 1 of 3

ပုံနှိပ်ထုတ်ဝေမှုများ

 
  အင်္ဂလိပ် မြန်မာကချင်
 
 
  အင်္ဂလိပ် မြန်မာကူကီး
-------------------------------
အခြားပုံနှိပ်ထုတ်ဝေမှုများ

ဤ၀ဘ်ဆိုဒ်ကို

 ဖြင့်ဖတ်ရူ့ပါကအကောင်းဆုံး