Skip to content
မြန်မာနိုင်ငံ၏ လှပသောမြစ်ချောင်းများ လွတ်လပ်စွာစီးဆင်းနိုင်ပါစေ
မြန်မာအစိုးရက စွမ်းအင်တင်ပို့ရောင်းချငွေအလုံးအရင်းကို လက်ဝယ်ရရှိနေသော်လည်း ပြည်သူ များမှာ လောင်စာစွမ်းအင် ဈေးနှုန်းအဆမတန်မြင့်တက်မှုဒါဏ် ကိုရင်ဆိုင်နေကြရသည် Print E-mail
ချက်ချင်းထုတ်ပြန်ရန်

ရခိုင့်ရေနံစောင့်ကြည့်ရေးအဖွဲ့နှင့် မြန်မာနိုင်ငံမြစ်ချောင်းများဆိုင်ရာကွန်ယက်၏ပူးတွဲသတင်းထုတ်ပြန်ချက်
                                                                            ရက်စွဲ။  ။၂ဝ၁၂ ခုနှစ်၊ဇန်နဝါရီ လ(၁၀)ရက်။

မြန်မာအစိုးရသည် တိုင်းပြည်မှထွက်ရှိသော လောင်စာ၊စွမ်းအင်များကို အိမ်နီးနားချင်းနိုင်ငံများသို့တင်ပို့ ရောင်းချရာမှ ဝင်ငွေဒေါ်လာ ဘီလီယံပေါင်းများစွာကို လက်ဝယ်ရရှိနေသော်လည်း လွန်ခဲ့သောအပတ်တွင်  ပြည်တွင်းလျှပ်စစ်ဓါတ်အားခနှုန်းထားကို နှစ်ဆ နှင့် လောင်စာဆီဈေး နှုန်းကိုလည်း သုံးပုံတစ်ပုံထိ အသီးသီးမြင့်တင်လိုက်သည်။
အစိုးရအနေဖြင့်လက်ရှိ ကောက်ခံနေသောလျှပ်စစ်ဓါတ်အားဈေးနှုန်း၌ ဆုံးရှုံနစ်နာမှုများရှိနေခြင်း နှင့် နိုင်ငံအဝှမ်းလျှပ်စစ်ဓါတ်အားတို့ ချဲ့ ဖြန့်ဖြူးရန် ငွေကြေးအလုံလောက်မရှိခြင်းတို့ကို အကြောင်းပြပြီး ထိုသို့ဈေးနှုန်းမြင့်တင်ရခြင်းဖြစ်သည်ဟု အမှတ်(၂) လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနမှ ကာကွယ်ပြောဆိုထား သည်။

အမှန်စင်စစ် မြန်မာအစိုးရသည် ၎င်း၏အရေးပါသော သဘာဝဓါတ်ငွေ့နှင့် ရေအားလျှပ်စစ် တို့ကိုနိုင်ငံခြားသို့တင်ပို့ရောင်းချရာမှ အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော်ကို နှစ်စဉ် ဝင်ငွေရရှိ နေသည်။တဖန် တိုင်းပြည်၏ အနာဂါတ်လောင်စာရင်းမြစ်များကိုလည်း နိုင်ငံခြား သို့တင်ပို့ရောင်း ချရန်အတွက် ပိုင်းလိုင်းများနှင့် ရေကာတာများကိုလည်းတည်ဆောက်နေလေသည်။

တိုင်းပြည်တွင်း ငွေလဲလှယ်နှုန်းကိုထိန်းချုပ်ထားမှု နှင့် ပွင့်လင်းမြင်သာမှုစနစ်ကင်းမဲ့နေခြင်းကြောင့် ထိုသို့စွမ်းအင်တင်ပို့ရာမှရရှိလာသော ဝင်ငွေများကို  အစိုးရငွေစာရင်း၌သော်လည်းကောင်း၊ စစ်တပ်  ငွေစာရင်း၌သော်လည်းကောင်း ပွင့်လင်းမြင်သာစွာထုတ်ဖေါ်ထားခြင်းမရှိသည့် အပြင် ထိုငွေများကို  ပြည်တွင်း၊ပြည်ပ မည်သည့် ဘဏ်စာရင်းများ၌ထားရှိသည်ကိုလည်းရှင်းလင်းစွာမသိ ရှိရပေ။

“သဘာဝဓါတ်ငွေ့ နှင့် ရေအားလျှပ်စစ်တင်ပို့ရောင်းချရာက ရရှိတဲ့ဘဏ္ဍာငွေကြေးတွေ ကို အစိုးရဟာ ကောင်းမွန်တဲ့စီမံခန့်ခွဲမှုစနစ်အောက်မှာ ပွင့်လင်းမြင်သာစွာ နှင့် တာဝန်သိသိအသုံးပြုခဲ့ မယ်ဆိုရင် စွမ်းအင်ရသုံးမှန်းခြေငွေစာရင်းကို မျှခြေညှိဖို့ အတွက်လျှပ်စစ်ဓါတ်အား သုံးစွဲခနှုန်းထားကို နှစ်ဆတိုးမြင့် ကောက်ခံ စရာအလိုပါဘူး။”   ဟု ကိုသူရိန် ကပြောကြားသည်။

“မြန်မာနိုင်ငံမှာ စွမ်းအင်စီမံကိန်း တွေကရရှိတဲ့ ဘဏ္ဍာငွေတွေ နှင့် အဲဒီစီမံကိန်းတွေက ပြည်သူတွေအပေါ်သက်ရာက်နေတဲ့အကျိုးဆက်တွေ အပါအဝင် စတဲ့ စီမံကိန်းဆိုင်ရာ သတင်းမှန်တွေ ကိုထုတ်ပြန်ပေးဖို့ ကျွန်တော်တို့အနေနဲ့ အစိုးရကိုတောင်းဆိုတိုက်တွန်းပါတယ်။ ဒီစီမံကိန်း တွေဟာ အကျင့်ပျက်ခြစား နေတဲ့ လက်တဆုတ်စာခေါင်းဆောင်တစုကောင်းစားရေးထက် ပြည်သူ တွေကိုမထိခိုက်စေဘဲ ပြည်သူတွေအတွက် အကျိုးရှိစေမယ့်စီမံကိန်းတွေ သာဖြစ်ရပါမယ်။”ဟု မြန်မာနိုင်ငံမြစ်ချောင်းများဆိုင်ရာကွန်ယက်မှ ကိုစိုင်းစိုင်းက ပြောကြားသည်။

ဆက်သွယ်ရန်။
 မြန်မာနိုင်ငံမြစ်ချောင်းများဆိုင်ရာကွန်ယက်-  စိုင်းစိုင်း   (+၆၆) (၀) ၈၈၄၁၅၄၃၈၆
   This e-mail address is being protected from spambots. You need JavaScript enabled to view it
 ရခိုင့်ရေနံစောင့်ကြည့်ရေးအဖွဲ့-
 သူရိန် (+၆၆) (၀) ၈၈၁၅၇၁၃၂၈
   This e-mail address is being protected from spambots. You need JavaScript enabled to view it
www.arakanoilwatch.org
www.burmariversnetwork.org
 
ဒေါင်းလုပ်ရန်- အင်္ဂလိပ် | မြန်မာ
 
AddThis Social Bookmark Button
 

ပုံနှိပ်ထုတ်ဝေမှုများ

 
  အင်္ဂလိပ် မြန်မာကချင်
 
 
  အင်္ဂလိပ် မြန်မာကူကီး
-------------------------------
အခြားပုံနှိပ်ထုတ်ဝေမှုများ

ဤ၀ဘ်ဆိုဒ်ကို

 ဖြင့်ဖတ်ရူ့ပါကအကောင်းဆုံး