ရေအားလျှပ်စစ်ထုတ်ယူရေး လမ်းညွှန်ချက်များ Print
+ 4
+ 5


ကမ္ဘာ့ဆည်များဆိုင်ရာ ကော်မရှင် [World Commission on Dams (WCD)]

ကမ္ဘာ့ဆည်များဆိုင်ရာ ကော်မရှင် (WCD) သည် သီးခြားလွတ်လပ်သည့် နိုင်ငံတကာမှ ပါဝင်ပတ်သက်နေသူ ပေါင်းစုံ ပါဝင်သည့် အဖွဲ့အစည်းတခုဖြစ်ပြီး ဧရာမဆည်ကြီးများနှင့် ပတ်သက်၍ အငြင်းပွားဖွယ်ရာကိစ္စများ၊ ပြဿနာများကို ဖြေ ရှင်းပေးနေပါသည်။ စနစ်တကျ လေ့လာသုတေသနပြုမှုများ ၂ နှစ်ကျော်ကြာ ဆောင်ရွက်ပြီးနောက် ကော်မရှင်က ဆည်များနှင့် ဖွံ့ဖြိုးတိုးတက်မှုအကြောင်း (ဆုံးဖြတ်ချက်ချမှတ်ရာတွင် လိုက်နာဆောင်ရွက်ရမည့် အခြေခံမူအသစ် (Dams and Development: A new Framework for Decision Making) အစီရင်ခံစာကို ဘာသာရပ်အမျိုးမျိုးနှင့် ထုတ်ပြန်ခဲ့ပါ သည်။
လမ်းညွှန်ချက်များနှင့် စံနှုန်းသတ်မှတ်ချက်များ အခန်းကို ဖတ်ရှုရန်အတွက် ဤနေရာကို ကလစ်ပါ။


အပြည်ပြည်ဆိုင်ရာ ရေအားလျှပ်စစ် အဖွဲ့ [International Hydropower Association (IHA)]
ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံ၊ ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) ၏ ကြီးကြပ်မှုအောက်တွင် ၁၉၉၅ ခုနှစ်၌ တည်ထောင်ခဲ့ပြီး  ရေအားလျှပ်စစ်ထုတ်ယူမှုနှင့် ပတ်သက်သည့် နည်းနာကောင်းများကို မြှင့်တင်ဖြန့်ဖြူးပေးနေသည့် ဆွေးနွေးနိုင်ရာဖိုရမ် တခု ဖြစ်ပါသည်။ (IHA) အဖွဲ့တွင် အဖွဲ့ဝင် နိုင်ငံ ၈၀ ကျော် ပါဝင်ပါသည်။ ၎င်းသည် အစိုးရများနှင့် မသက်ဆိုင်သည့်၊ အပြန်အလှန် အကျိုးစီးပွားအတွက် အထောက်အကူပြုသည့် တသီးပုဂ္ဂလနှင့် အဖွဲ့အစည်းများ၏ စုဆုံရာအဖွဲ့ဖြစ်ပြီး ရေအားလျှပ်စစ်ထုတ်လုပ်ရေးကိစ္စနှင့် ပါဝင်ပတ်သက်နေသူအားလုံး ပါဝင်ဆောင်ရွက်နိုင်ပါသည်။ ဆိုင်နိုဟိုက်ဒရို (Sinohydro) ကုမ္ပဏီသည် တရုတ်နိုင်ငံမှ ပါဝင်နေသည့် တခုတည်းသော အဖွဲ့ဝင် အဖွဲ့အစည်း ဖြစ်ပါသည်။

(IHA) အဖွဲ့က ရေရှည်တည်တံ့အောင် အသုံးချနိုင်မည့် လမ်းညွှန်ချက်များကို ရေအားလျှပ်စစ်ထုတ်လုပ်သူများသို့ ထောက် ပံ့ပေးပြီး၊ လုပ်ဆောင်ရန် နည်းနာ အလေ့အကျင့်ကောင်းများကိုလည်း အဖွဲ့၏ စံတန်ဖိုးများဖြစ်သည့် တန်းတူညီမျှရေး၊ ထိရောက်ရေး၊ ဆုံးဖြတ်ချက်ချမှတ်ရာတွင် လူအများ ပါဝင်ခွင့်ရှိရေး၊ ရေရှည်တည်တံ့ အသုံးချနိုင်မှုနှင့် တာဝန်ခံမှု စသည် နှင့်အညီ ဖြန့်ဖြူးပေးပါသည်။
ဖတ်ရန်။ အင်္ဂလိပ်ဘာသာတရုတ်ဘာသာ

(IHA) အဖွဲ့တွင် ရေရှည်တည်တံ့မှုအတွက် အကဲဖြတ်စိစစ်နိုင်ရန် လုပ်ထုံး (Sustainability Assessment Protocol) လည်း ရှိပါသည်။ ဖတ်ရန်။ အင်္ဂလိပ်ဘာသာ

တရုတ်နိုင်ငံတွင် ဆည်တည်ဆောက်ခြင်းနှင့် ပတ်သက်၍ လမ်းညွှန်မူဝါဒများ
တရုတ်နိုင်ငံ ပြည်တွင်းတွင် ဆည်များတည်ဆောက်ခြင်းနှင့် ပတ်သက်၍ ဥပဒေများ၊ ပြည်ပတွင် ဆည်များတည်ဆောက် ခြင်းနှင့် ပတ်သက်၍ လမ်းညွှန်မူဝါဒများရှိပါသည်။ ထို့အပြင် တရုတ်နိုင်ငံက ပြည်ပတွင် ဆောက်လုပ်နေသည့်ဆည်များ နှင့် ပတ်သက်၍ လိုက်နာအသုံးပြုရမည့် အပြည်ပြည်ဆိုင်ရာ လမ်းညွှန်မူများရှိပါသည်။ ဤသတင်းအချက်အလက်များကို "မဟာတံတိုင်း အသစ်ကြီး။ တရုတ်နိုင်ငံ ပြည်ပရှိ ဆည်များတည်ဆောက်နေသည့် စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်၍ လမ်းညွှန်မူ" (The new Great Walls: A guide to China's Overseas Dam Industry) တွင် ဖတ်ရှုနိုင်ပါသည်။



 
Secured by Siteground Web Hosting