Skip to content
မြန်မာနိုင်ငံ၏ လှပသောမြစ်ချောင်းများ လွတ်လပ်စွာစီးဆင်းနိုင်ပါစေ
BRN ၏ ပုံနှိပ်ထုတ်ဝေမှုများ
ခိုးကေ - ဇီဝမျိုးကွဲများ ပျောက်ဆုံးတော့မည့် အကျပ်အတည်း (Khoe Kay: Biodiversity in Peril) Print E-mail
+ 1
+ 0

ဤသည်မှာ ကရင်ပြည်နယ်၊ သံလွင်မြစ်တွင် ပထမဦးဆုံးဆောင်ရွက်သည့် ဇီဝမျိုးကွဲများဆိုင်ရာ စစ်တမ်းကောက်ယူမှု တခု ဖြစ်ပါသည်။ ဤသို့ကြိုးပမ်းမှတ်တမ်းပြုချက်အရ အပင်မျိုးစိတ်ပေါင်း ၁၉၄ ခုနှင့် တိရိစ္ဆာန်အမျိုးပေါင်း ၂၀၀ ကျော်ကို မှတ်တမ်းတင်နိုင်ခဲ့ပါသည်။ ၎င်းတို့အနက်တွင် ရှားပါးမျိုးတုန်းတော့မည့် တိရိစ္ဆာန်အမျိုးပေါင်း ၄၂ မျိုးလည်း ပါဝင်ပါသည်။ ၀ဲကြီးဆည် တည်ဆောက်မည့် မြစ်ကွေ့အနီး ခိုးကေဒေသတွင် ၃-လ အတွင်းဆောင်ရွက်ခဲ့သည့် စစ်တမ်းကောက်ယူ လေ့လာမှုများကို အခြေခံ၍ ဖော်ပြထားခြင်းဖြစ်ပြီး ပြည့်စုံတိကျသည့် ဇယားချပ်များ၊ ဓါတ်ပုံများပါဝင်ပါသည်။ ၂၀၀၈ ခုနှစ် အောက်တိုဘာလတွင် ထုတ်ဝေဖြန့်ချိသည်။ 


အစီရင်ခံစာရယူရန်။ အင်္ဂလိပ်ဘာသာ



 
ကယန်းမြေ၏ နတ်စိမ်းတစ္ဆေတို့ကို ရေနှစ်မြုပ်စေခြင်း Print E-mail
+ 1
+ 1

ပေါင်းလောင်းမြစ် အထက်ပိုင်းဆည်၏ ဆိုးကျိုးသက်ရောက်မှုများ
Drowning the Green Ghost of Kayanland: Impacts of the Upper Paunglaung Dam in Burma


ဤအစီရင်ခံစာတွင် ပေါင်းလောင်းမြစ် အထက်ပိုင်းဆည်ကြောင့် ကယန်းပြည်သူလူထုများအပေါ် လက်ငင်းဖြစ်ပေါ်စေ သည့် ဆိုးကျိုးများနှင့် ဖြစ်လာနိုင်ဖွယ်ရှိသည့် ဆိုးကျိုးများကို ဖော်ပြထားပါသည်။ ၎င်းတို့တွင် အဓမ္မပြောင်းရွှေ့နေရာချ ထားခြင်း၊ မြန်မာစစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုမိုတွေ့ကြုံရင်ဆိုင်ရခြင်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း များ ပျက်စီးရခြင်း စသည်တို့ အပါအ၀င် ဖြစ်ပါသည်။ ဤဆည်ကို ၂၀၀၉ ခုနှစ်တွင် တည်ဆောက်ပြီးစီးရန် လျာထားပြီး စစ်အစိုးရ၏ လူသူမနီးသည့် မြို့တော်သစ် "နေပြည်တော်"အတွက် လျှပ်စစ်ဓါတ်အားထုတ်ပေးရန် ရည်ရွယ်ထားသည်။ ၂၀၀၈ ခုနှစ် ဇွန်လတွင် ထုတ်ဝေဖြန့်ချိသည်။

အစီရင်ခံစာရယူရန်။ မြန်မာဘာသာအင်္ဂလိပ်ဘာသာ
Adobe Acrobat 7 နှင့် အထက် ပရိုဂရမ်ဖြင့် ပိုမိုကောင်းမွန်စွာ ဖတ်ရှုနိုင်ပါသည်။



 
ဘဏ္ဍာငွေထောက်ပံ့သူ အသစ်များနှင့် သဘာဝပတ်ဝန်းကျင် (The New Fiananciers and the Environment) Print E-mail
+ 1
+ 0

ငွေကြေးအဖွဲ့အစည်းများအနေနှင့် သဘာဝပတ်ဝန်းကျင်ကို မည်သို့ ကာကွယ်စောင့်ရှောက်နိုင်ကြောင်း အမြင် ၁၀ ချက်
Ten Perspectives on How Financial Institutions Can Protect the Environment

ဤအစီရင်ခံစာတွင် ငွေကြေးရင်းနှီးမြှုပ်နှံသူ အသစ်များအနေနှင့် သဘာ၀၀န်းကျင်ဆိုင်ရာ စံချိန်စံနှုန်းများကို မည်သို့ အသုံးပြုနိုင်သည်ကို ဖော်ပြထားပါသည်။ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံများမှ ရင်းနှီးမြှုပ်နှံကြသူများက ပြည်ပ တွင် ဆောင်ရွက်နေကြသည့် စီမံချက်များအကြောင့် လေ့လာချက် ၁၀ ခုတွင် မြန်မာနိုင်ငံ၏ မြစ်များအရေး စိတ်ဝင်စားသူ ကွန်ရက်အဖွဲ့ (Burma Rivers Network)  အနေနှင့် "ရေအားလျှပ်စစ်လုပ်ငန်းများအတွက် စံနှုန်းသတ်မှတ်ချက်။ မြန်မာတဦး၏ အမြင်" (Standards for Hydropower Development- A Burmese Perspective) အမည်ရှိ ဆောင်းပါး ကို လေ့လာမှုတခုအဖြစ် ရေးသားဖော်ပြခဲ့ပါသည်။ ၂၀၀၈ ခုနှစ် မေလတွင် ထုတ်ဝေဖြန့်ချိသည်။

အစီရင်ခံစာရယူရန်။ အင်္ဂလိပ်ဘာသာတရုတ်ဘာသာ



 
စစ်ဖိနပ်အောက်က ရွှေလီမြစ် Print E-mail
+ 0
+ 0
မြန်မာစစ်တပ်က ရွှေလီမြစ်ပေါ်တွင် တရုတ်များဆည်တည်ဆောက်ရန်အတွက် လမ်းရှင်းပေးနေခြင်း။
Under the Boot: The Burmese Army Clears the Way for Chinese Dams on the Shweli River
ပလောင်လူမျိုး ၇၀၀ ခန့်နေထိုင်ကြသည့် မန်တပ်ကျေးရွာအကြောင်း ဖြစ်ပါသည်။ ၎င်းကျေးရွာတွင် စစ်တပ်အင်အား ၃၀၀ ခန့်က အခြေစိုက်စခန်းချ တပ်စွဲလာခဲ့ပြီး ရွှေလီမြစ်ပေါ်တွင် ဆည်အမှတ် (၁) ကို တရုတ်ကုမ္ပဏီများက တည်ဆောက်ရန် လုံခြုံရေးယူ ရှင်းလင်းခဲ့ပါသည်။ ဤအစီရင်ခံစာတွင် တရုတ်နိုင်ငံရှိ ကုမ္ပဏီများက ရှေ့ဆက်ကြံရွယ်ထားချက်များနှင့် ပါဝင် ပတ်သက်နေသည့် ကုမ္ပဏီများကို ဖော်ပြထားပါသည်။ ၂၀၀၇ ခုနှစ်၊ ဒီဇင်ဘာလတွင် ထုတ်ဝေဖြန့်ချိသည်။

အစီရင်ခံစာရယူရန်။ မြန်မာဘာသာအင်္ဂလိပ်ဘာသာတရုတ်ဘာသာ


 
ဧရာဝတီမြစ်ကို ပိတ်ဆို့ရေကာတာ တည်ဆောက်ခြင်း Print E-mail
+ 0
+ 0
Damming the Irrawaddy
ဤအစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ ဧရာဝတီမြစ်ကို ပိတ်ဆို့၍ ပထမဦးဆုံး ဆည်တည်ဆောက်မည့်အရေးကြောင့် ဖြစ်လာ နိုင်သည့် ဆိုးကျိုးများကို ဖော်ပြထားပါသည်။ ၎င်းတို့တွင် လူပေါင်း ၁၀,၀၀၀ ခန့် အခြေမဲ့ ရွှေ့ပြောင်းရနိုင်ခြင်း၊ သက်မွေး ၀မ်းကျောင်းလုပ်ငန်းများ ပျက်စီးနိုင်ခြင်း၊ ဧရာဝတီမြစ်၏ ရှားပါး လင်းပိုင်ငါးများ မျိုးတုန်းပျောက်ကွယ်သွားနိုင်ခြင်း စသည် တို့ ဖြစ်ပေါ်နိုင်ပါသည်။ တည်ဆောက်မည့် အချိန်ဇယားနှင့် ပါဝင်ပတ်သက်နေသည့် ကုမ္ပဏီများကိုလည်း ဖော်ပြထားပြီး မေခနှင့် မေလိခမြစ်များပေါ်၌ တည်ဆောက်မည့် နောက်ထပ်ဆည် ၆ ခုအကြောင်းကိုလည်း တင်ပြထားပါသည်။ ၂၀၀၇ ခုနှစ် အောက်တိုဘာလတွင် ထုတ်ဝေဖြန့်ချိသည်။

အစီရင်ခံစာရယူရန်။ မြန်မာဘာသာအင်္ဂလိပ်ဘာသာတရုတ်ဘာသာ


 
တိမ်းစောင်းမခံနိုင်သောမျှခြေ Print E-mail
+ 1
+ 0
မြစ်အောက်ပိုင်းရှိ လူ့အသိုင်းအ၀န်းကို ခြိမ်းခြောက်နေသော သံလွင်ရေကာတာများ
In The Balance: Salween Dams Threaten Downstream Communities in Burma   
ဤအစီရင်ခံစာက သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေကာတာများကြောင့် သံလွင်မြစ်ဝဒေသရှိ ရှုပ်ထွေးပြီး နူးညံ့ သိမ်မွေ့လှသည့် ဂေဟစနစ်ကို မည်သို့ ထိခိုက်နိုင်သည်၊ လူသန်းတ၀က်ခန့်၏ သက်မွေးဝမ်းကျောင်းမှု လုပ်ငန်းများကို မည်သို့ ထိခိုက်နိုင်သည်ကို ဆန်းစစ်တင်ပြထားပါသည်။ ၂၀၀၇ ခုနှစ် မေလတွင် ထုတ်ဝေသည်။

အစီရင်ခံစာရယူရန်။ မြန်မာဘာသာအင်္ဂလိပ်ဘာသာထိုင်းဘာသာတရုတ်ဘာသာ


 
စစ်ဗိုလ်ချုပ်များ၏ ရေကာတာ Print E-mail
+ 0
+ 1
ကရင်နီတို့၏ ရေအားလျှပ်စစ် ဖွံ့ဖြိုးရေးစီမံကိန်း အတွေ့အကြုံ (လောပီတမှ သံလွင်သို့)
Dammed By Burma's Generals: The Karenni Experience with Hydropower Development from Lawpita to the Salween
ဤအစီရင်ခံစာတွင် ကရင်နီပြည်နယ်ရှိ မြန်မာနိုင်ငံ၏ ပထမဦးဆုံး လောပီတ ရေအားလျှပ်စစ်စီမံကိန်း ဖြစ်စဉ်ကို မှတ်တမ်း တင်ဖော်ပြထားပါသည်။ မိုးဗြဲဆည် တည်ဆောက်ခြင်း၊ လူပေါင်း ၁၂,၀၀၀ ခန့် အိုးအိမ်မဲ့ ဖြစ်ရခြင်း၊ ရေသုံးစွဲမှုကို ကန့် သတ်ချုပ်ချယ်ခံရခြင်း၊ လျှပ်စစ်ထုတ်စက်ရုံနှင့် ကြိုးလိုင်းများ တ၀ိုက် လုံခြုံရေးအတွက် မြေမြုပ်မိုင်းများ ထောင်ထားခြင်း ကြောင့် ဖြစ်ရသည့် ဆိုးကျိုးသက်ရောက်မှုများကို ဖော်ပြထားပါသည်။ လောပီတမှ ရခဲ့သည့် အတွေ့အကြုံအရ ယခု တည် ဆောက်ရန်လျာထားသည့် သံလွင်မြစ် ၀ဲကြီးဆည်မှနေ၍ အလားတူဆိုးကျိုးများ ကြုံတွေ့နိုင်ပုံကို တင်ပြထားသည်။ စင်္ကာပူနိုင်ငံ ပမာဏရှိသည့် ရေလွှမ်းဧရိယာကြောင့် ရှေးဟောင်းကရင်နီမြို့တော်ဖြစ်သည့် ဘောလခဲနှင့်အတူ မြေဆီသြဇာ ကြွယ်ဝသည့် စိုက်မြေများ၊ ကမ္ဘာ၏ နောက်ဆုံးကျန်ရှိသည့် မုတ်သုန်တောများလည်း ရေနစ်မြုပ် ပျက်စီးသွားမည် ဖြစ် သည်။ ၂၀၀၆ ခုနှစ် မတ်လတွင် ထုတ်ဝေဖြန့်ချိသည်။

အစီရင်ခံစာရယူရန်။ မြန်မာဘာသာအင်္ဂလိပ်ဘာသာထိုင်းဘာသာတရုတ်ဘာသာ


 
သေနတ်ထောက်၍ ဆည်တည်ဆောက်ခြင်း Print E-mail
+ 0
+ 0

ကရင်ပြည်နယ်တွင်းတွင် သံလွင်မြစ်ပေါ်၌ ဆည်များတည်ဆောက်ရေးအတွက် လမ်းရှင်းပေးသည့် မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများ
Damming at Gunpoint: Burma Amry Atrocities Pave the Way for Salween Dams in Karen State
ဤအစီရင်ခံစာတွင် မြန်မာစစ်တပ်များ တိုးချဲ့ချထားလာပုံကို အသေးစိတ်ဖော်ပြထားပြီး၊ ကရင်ပြည်နယ်တွင်းရှိ ၀ဲကြီးဆည် နှင့် ဒါးကွင်းဆည် တည်ဆောက်မည့်နေရာများ၌ မရှေးမနှောင်းဆိုသလို ထိုးစစ်ဆင်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှု များ တိုးတက်ဖြစ်ပေါ်လာပုံကို တင်ပြထားပါသည်။ ၂၀၀၄ ခုနှစ်၊ နိုဝင်ဘာလတွင် ထုတ်ဝေဖြန့်ချိသည်။

အစီရင်ခံစာရယူရန်။ မြန်မာဘာသာအင်္ဂလိပ်ဘာသာကရင်ဘာသာ



 
ကြိုတင်သတိပေးချက်များ Print E-mail
+ 0
+ 0
မြန်မာနိုင်ငံ ရှမ်းပြည်နယ်အတွင်း သံလွင်မြစ်ပေါ် ဆည်တည်ဆောက်မည့် အကြံအစည်နှင့် ပတ်သက်၍ နောက်ဆုံး အခြေအနေတင်ပြချက်
Warning Signs: An Update on Plans to Dam the Salween in Burma's Shan State
တာဆန်း သံလွင်ဆည် တည်ဆောက်မည့်နေရာနှင့် ပတ်သက်၍ နောက်ထပ်ဖြစ်ပေါ်တိုးတက်မှုများကို ဖော်ပြထားသည့် အစီရင်ခံစာ ဖြစ်ပါသည်။ ဤအစီရင်ခံစာတွင် ဆည်တည်ဆောက်ရန် ပြင်ဆင်နေမှု အသေးစိတ်အချက်များနှင့် ဆည် တည်ဆောက်ရန် နေရာသို့ မြန်မာစစ်တပ်များ တိုးချဲ့ချလာပုံနှင့် ဒေသခံများ ပြောင်းရွှေ့ထွက်ပြေးရမှုများ ဆက်လက်ဖြစ် ပေါ်နေပုံကို တင်ပြထားသည်။ ထို့အပြင် တာဆန်းဒေသတွင် တည်ဆောက်ရန်လျာထားသည့် မြေပုံ အသေးစိတ်ကိုလည်း ဖော်ပြထားသည်။ ၂၀၀၆ ခုနှစ် စက်တင်ဘာလတွင် ထုတ်ဝေဖြန့်ချိသည်။  

အစီရင်ခံစာရယူရန်။ အင်္ဂလိပ်ဘာသာထိုင်းဘာသာတရုတ်ဘာသာ


 
အောက်ခြေရှိ ရေစီးကြောင်းများ Print E-mail
+ 0
+ 1

မြန်မာနိုင်ငံ မဲခေါင်မြစ်တွင် ဖြစ်ပေါ်နေမှုများကို စောင့်ကြည့်လေ့လာမှု
Undercurrents: Monitoring Development on Burma's Mekong
မြန်မာနိုင်ငံ မဲခေါင်မြစ်တွင် ဖြစ်ပေါ်နေမှုများကို စောင့်ကြည့်လေ့လာနေသည့် ပုံမှန်ထုတ် မဂ္ဂဇင်းဖြစ်သည်။

အတွဲ ၃

အစီရင်ခံစာရယူရန်။ အင်္ဂလိပ်ဘာသာ


 

 

 

--------------------------------------------------------------------------------
အတွဲ ၂

၂၀၀၆ ခုနှစ် ဇူလိုင်လတွင် ထုတ်ဝေဖြန့်ချိသည်။ ဤစာစောင်တွင် မဲခေါင်မြစ်အထက်ပိုင်းတွင် ဆည်တည်ဆောက်လိုက်မှု ကြောင့် ကြိုတင်မခန့်မှန်းနိုင်သည့် ရေမြင့်တက်မှု၊ ရေစီးကြောင်းပြောင်းမှု ကြုံရပုံများကို ဖော်ပြထားသည်။ အတားအဆီး မရှိ သစ်ထုတ်နေခြင်း၊ သတ္တုတွင်း လုပ်ငန်းများကြောင့် အန်လူမျိုးများ အန္တရာယ်ကြုံနေရပုံကိုလည်း တင်ပြထားသည်။ ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသများတွင် ဘိန်းစိုက်ပျိုးမှုနှင့် တရားဥပဒေ ကြီးစိုးမှု ကင်းမဲ့နေပုံကိုလည်း တင်ပြထားသည်။

အစီရင်ခံစာရယူရန်။ အင်္ဂလိပ်ဘာသာ

 

 

-----------------------------
---------------------------------------------------

အတွဲ ၁

၂၀၀၅ ခုနှစ် ဇန်န၀ါရီလတွင် ထုတ်ဝေဖြန့်ချိသည်။ ၎င်းစာစောင်တွင် မဲခေါင်မြစ်ကြောင်း ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်ကြောင့် ဖြစ်လာသည့် အကျိုးဆက်များနှင့် အကြီးအကျယ်သစ်ထုတ်နေမှုကြောင့် ရှမ်းပြည်နယ်ရှိ မဘရီလူမျိုးများအပေါ် ခြိမ်း ခြောက်မှု ရှိစေပုံကို ဖော်ပြထားသည်။ မဲခေါင်မြစ်ကြောင်းတလျှောက် လမ်းဖောက်လုပ်မှု၊ လူကုန်ကူးရောင်းချမှုများ အကြောင်းကိုလည်း ဖော်ပြထားသည်။

အစီရင်ခံစာရယူရန်။ အင်္ဂလိပ်ဘာသာ

 

 


 
Aftershocks Along Burma's Mekong Print E-mail
+ 1
+ 1

မြန်မာနိုင်ငံ မဲခေါင်မြစ်တလျှောက်တွင် ငလျှင်သက်ရောက်မှုနောက်ပိုင်း အခြေအနေ
ဤအစီရင်ခံစာတွင် မဲခေါင်မြစ်ကြောင်း ဖွံ့ဖြိုးတိုးတက်ရေးစီမံချက် အကောင်အထည်ဖော် ဆောင်ရွက်နေပုံနှင့် ၎င်းကြောင့် ဖြစ်လာသည့် အကျိုးဆက်များကို တင်ပြထားသည်။ ၎င်းအချက်များတွင် စီမံချက်၏ နောက်ခံသမိုင်း၊ ကျောက်ဆောင်များ မိုင်းခွဲရှင်းလင်းသည့် နေရာပြမြေပုံ၊ ဆိုးကျိုးသက်ရောက်ခံရသည့် ကျေးရွာများအကြောင်း အသေးစိတ်ကို တင်ပြထား သည်။ ဤအစီရင်ခံစာတွင် အလားတူ ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသများ၌ ဆောင်ရွက်နေသည့် ဖွံ့ဖြိုးရေး စီမံချက်များ ကြောင့် ဖျက်ဆီးမှု အာဏိသင်ရှိစေသည့် အကျယ်အပြန့် ဆိုးကျိုးများကို တင်ပြထားသည်။ ၂၀၀၃ ခုနှစ်၊ သြဂုတ်လတွင် ထုတ်ဝေဖြန့်ချိသည်။

အစီရင်ခံစာရယူရန်။ အင်္ဂလိပ်ဘာသာ



 


ပုံနှိပ်ထုတ်ဝေမှုများ

ရေလွမ်းမိုးခြင်းကိုခုခံတွန်း
လှန်ခြင်း

 

အစီရင်ခံစာရယူရန်။အင်္ဂလိပ်ဘာသာ

 -----------------------------

အောက်ခြေရှိရေစီးကြောင်းများ
(အတွဲ ၃)

အစီရင်ခံစာရယူရန်။အင်္ဂလိပ်ဘာသာ 

-------------------------------
အခြားပုံနှိပ်ထုတ်ဝေမှုများ

ဤ၀ဘ်ဆိုဒ်ကို

 ဖြင့်ဖတ်ရူ့ပါကအကောင်းဆုံး