Skip to content
မြန်မာနိုင်ငံ၏ လှပသောမြစ်ချောင်းများ လွတ်လပ်စွာစီးဆင်းနိုင်ပါစေ
တရုတ်နိုင်ငံ လျှပ်စစ်ဓာတ်အား ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း၏ မြစ်ဆုံဆည်နှင့် ပတ်သက်၍ ပြောကြားချက်အပေါ် မြန်မာနိုင်ငံ မြစ်ချောင်းများဆိုင်ရာ ကွန်ယက်အဖွဲ့၏ တုံ့ပြန်မှု Print E-mail
အောက်တိုဘာ ၄၊ ၂၀၁၁ ခုနှစ်

တရုတ်နိုင်ငံ လျှပ်စစ်ဓာတ်အား ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း၏ မြစ်ဆုံဆည်နှင့် ပတ်သက်၍ ပြောကြားချက်အပေါ် မြန်မာနိုင်ငံ မြစ်ချောင်းများဆိုင်ရာ ကွန်ယက်အဖွဲ့၏ တုံ့ပြန်မှု

အောက်တိုဘာ ၃ ရက်နေ့တွင် တရုတ်မီဒီယာမှ တရုတ်နိုင်ငံ လျှပ်စစ်ဓာတ်အား ရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်း၏ အကြီးအကဲ ဥက္ကဌ လူကွဇ်ဇောင် (Lu Qizhou) ကို မြန်မာနိုင်ငံ မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းနှင့်ပတ်သက်၍ ဆက်သွယ်မေးမြန်းခဲ့သည်။ အောက်ဖော်ပြပါ အချက်များမှာ ဆက်သွယ်မေးမြန်းခန်းမှ အဓိက အချက်များအပေါ် မြန်မာနိုင်ငံမြစ်ချောင်းများဆိုင်ရာ ကွန်ယက်အဖွဲ့ (BRN) ၏ တုံ့ပြန်ပြောဆိုချက်များဖြစ်ပါ သည်။
Lu Qizhou: ဒီအကြောင်းတွေကို ကျွန်တော်လည်း မီဒီယာကနေတဆင့်ပဲ သိခဲ့ရတာပါ။ ကျွန်တော်လည်း အရမ်းကို အံ့အားသင့်ခဲ့တယ်။ ဒီသတင်းမထွက်ခင်က မြန်မာဘက်ကနေ စီမံကိန်းဆိုင်းငံ့မှုနဲ့ပတ်သက်ပြီး တခါမှ အရိပ်အယောင်လေးနဲ့တောင် တုံ့ပြန်တာမျိုး မရှိခဲ့ဖူးဘူး။

BRN: ဆည်ဆောက်လုပ်ရေးအနီးတ၀ိုက်က ဒေသခံတွေ၊ မရေတွက်နိုင်တဲ့ နိုင်ငံရေးနဲ့ လူထုအခြေပြုအဖွဲ့အစည်းတွေ၊ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့အစည်းပေါင်းများစွာကနေ CPI ကို ဆက်သွယ်ဖို့ကြိုးစားခဲ့တယ်၊ စီမံကိန်းရဲ့ လုပ်ငန်းစဉ်တွေ၊ ဆိုးကျိုးသက်ရောက်မှု တွေနဲ့ပတ်သက်ပြီး စိုးရိမ်ချက်တွေကို ဆွေးနွေးဖို့ ကြိုးစားခဲ့ပါတယ်။ ဒီလိုကြိုးစားခဲ့မှုတွေ အားလုံးကို CPI က ဘယ်တော့မှ တွေ့ဆုံဆွေးနွေးမှုနည်းလမ်းတွေနဲ့ တုံ့ပြန်မှု မရှိခဲ့ပေမယ့် လည်း မြန်မာနိုင်ငံ ပြည်သူတွေရဲ့ ဒီစီမံကိန်းနဲ့ပတ်သက်ပြီး ခံစားချက်တွေ၊ စိုးရိမ်ချက်တွေ ဘယ်လိုရှိနေတယ်ဆိုတာကို လုံးဝမသိခဲ့ရပါဘူးလို့ CPI အနေနဲ့ ငြင်းချက်ထုတ်လို့ မရ ပါဘူး။

CPI အနေနဲ့ မြန်မာနိုင်ငံဟာ ပြည်တွင်းစစ်ကြားမှာ ရှိနေတယ်ဆိုတဲ့အကြောင်း၊ ဧရာဝတီ မြစ်ဆုံဆည်စီမံကိန်းဟာ စစ်ပွဲပဋိပက္ခဖြစ်ပွားရာနယ်နမိတ်မှာရှိနေတယ်ဆိုတဲ့အကြောင်း ကို မသိဘူးဆိုတာ လုံးဝ ဖြစ်နိုင်ချေမရှိပါဘူး။ အဲဒီဒေသအတွင်းက တိုင်းရင်းသား လက် နက်ကိုင်အင်အားစုတစုဖြစ်တဲ့ ကချင်လွတ်မြောက်ရေးအစည်းအရုံးကနေပြီး ဒေသခံပြည် သူတွေဟာ စီမံကိန်းကို လုံးဝ ဆန့်ကျင်ကန့်ကွက်ကြောင်းကို ဒီနှစ်အစောပိုင်းမှာပဲ တရုတ် အစိုးရကို တိုက်ရိုက် သတိပေးခဲ့တဲ့အပြင် ဆည်တွေဆက်ပြီးတည်ဆောက်နေမယ်ဆိုရင် နောက်ထပ် တိုက်ပွဲပဋိပက္ခတွေ ထပ်ဖြစ်ဖို့ မီးလောင်ရာလေပင့်သလို ဖြစ်နေကြောင်း လည်း သတိပေး ပြောကြားခဲ့ပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးမရှိသရွေ့ မြန်မာနိုင်ငံက ရင်းနှီးမြှုပ်နှံမှု အားလုံးဟာ ဒီလိုပြဿနာ အခက်အခဲတွေကို ရင်ဆိုင်ကြရမှာ ဖြစ်ပါတယ်။

Lu Qizhou:
"CPI နဲ့ မြန်မာနိုင်ငံ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာန အမှတ် ၁ "MOEP (1)" တို့ ၂၀၀၆ ဒီဇင်ဘာမှာ MOU ကို လက်မှတ်ထိုးပြီးကတည်းက CPI အနေနဲ့ နှစ်ဦးနှစ်ဖက် အပြန်အလှန် လေးစားမှုပေးတဲ့၊ အပြန်အလှန် အကျိုးအမြတ်ရနိုင်မယ့်၊ နှစ်ဖက်လုံး အကျိုး ရှိနိုင်မယ့် မူတွေကို အမြဲ လိုက်နာကျင့်သုံးခဲ့တယ်။"

BRN: အခုချိန်ထိ မြန်မာနိုင်ငံမှာရှိတဲ့ အကြီးစား ရင်းနှီးမြှုပ်နှံမှုအားလုံးကို မြန်မာစစ်အစိုး ရကပဲ ညှိနှိုင်းလုပ်ဆောင်ရွက်ပြီး အဓိက အကျိုးအမြတ်တွေအားလုံးဟာ စစ်တပ်လက်ထဲ ပဲရောက်သွားခဲ့ပါတယ်။ နှစ်ဖက်လုံးအကျိုးရှိနိုင်မယ့်အရာအားလုံးဟာ စစ်တပ်အတွက်ပဲ ဖြစ်ပြီး ဒီလိုအခြေအနေတွေကို မြန်မာပြည်သူတွေကလည်း လုံးဝ ကန့်ကွက်ဆန့်ကျင်ကြ ပါတယ်။ စစ်တပ်နဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေရဲ့ ပွင့်လင်းမြင်သာမှုမရှိတဲ့ လုပ်ရပ်တွေက အခုလို ကန့်ကွက်ဆန့်ကျင်မှုတွေကို ပိုပြီးဖြစ်စေပါတယ်။ စစ်တပ်ပိုင် ကုမ္ပဏီတွေ၊ ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေးဦးပိုင်လုပ်ငန်း (UMEHL) နဲ့ မြန်မာ့စီးပွားရေးကော်ပို ရေးရှင်း (MEC) တို့ရဲ့ ပါဝင်ပတ်သက်မှု ရှိ၊ မရှိအပြင် အာရှဝေါလ်ကုမ္ပဏီရမယ့် အကျိုးအမြတ်တွေ၊ မြန်မာပိုင်ကုမ္ပဏီတွေရဲ့ အခန်းကဏ္ဍနဲ့ အစုရှယ်ယာတွေနဲ့ပတ်သက် ပြီး အများပြည်သူသိအောင် ထုတ်ဖော်ပြောဆိုသင့်ပါတယ်။

Lu Qizhou: ကျွန်တော်တို့က ဧရာဝတီ မြစ်အထက်ပိုင်း ရေအားလျှပ်စစ်စီမံကိန်းအတွက် ဒီဇိုင်းဆွဲတာ၊ စီမံကိန်းချတာ၊ အသေးစိတ်လေ့လာတာ၊ ညှိနှိုင်းဆောင်ရွက်တာနဲ့ စီမံအုပ် ချုပ်မှုတွေကို ပြုလုပ်ဖို့ တရုတ်နိုင်ငံမှာရှိတဲ့ ပထမတန်းစား ရေအားလျှပ်စစ်ဆိုင်ရာ ဒီဇိုင်းအ ဖွဲ့အစည်းတွေ၊ သုတေသနဌာနတွေ၊ အတိုင်ပင်ခံတွေနဲ့ ၀ါရင့်ကျွမ်းကျင်သူတွေကို ငှားခဲ့ပါ တယ်။

BRN: တရုတ်နိုင်ငံ ချန်ဂျန်းဌာနနဲ့ မြန်မာ BANCA တို့ ပူးတွဲလုပ်ဆောင်ခဲ့တဲ့ အကျိုးသက် ရောက်မှုဆိုင်ရာလေ့လာမှုမှာ မြစ်ဆုံဆည်ကို လုံးဝ ရပ်တံ့သင့်ကြောင်းနဲ့ ဒေသခံပြည်သူ အများစုက ဒီစီမံကိန်းကို ဆန့်ကျင်ကန့်ကွက်နေကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြထားပါ တယ်။ CPI အနေနဲ့ ဘာကြောင့် အဲဒီလို "ပထမတန်းစား" ဌာနအဖွဲ့တွေကို ငှားပြီး အဲဒီ အဖွဲ့တွေရဲ့ အကြံပြုချက်တွေကို လိုက်နာမှုမရှိတာလဲ မေးခွန်းထုတ်စရာပါ။ ဒီနှစ်အစောပိုင်း ကျမှ လူသိရှင်ကြား ဖြစ်ခဲ့တဲ့ သဘာဝပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှုဆိုင်လာ လေ့လာမှု (EIA) မူရင်းကို ၂၀၀၉ ခုနှစ်ကတည်းက အပြီးသတ်လုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ CPI က အဲဒီ EIA မူရင်းမှာပါတဲ့ အဓိကအရေးကြီးတဲ့ အကြံပြုချက်တွေ၊ လေ့လာတွေ့ ရှိချက်တွေကို ဖျက်လိုက်ပြီး ပြန်လည်တည်းဖြတ်ထားတဲ့ လေ့လာမှုစာတမ်းကို ၂၀၁၀ မတ်လ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။

 EIA မူရင်းကို အကြံပြုထောက်ခံပေမယ့်လည်း မူရင်းလေ့လာမှုထဲမှာ လူမှုရေး အကျိုးသက်ရောက်မှုဆိုင်ရာ လေ့လာမှု (ဒါမှမဟုတ်) မြစ်ကြောင်းတခုလုံး၊ အထူးသဖြင့် မြစ်အောက်ပိုင်းဒေသအပေါ် ထိခိုက်မယ့် အကျိုးသက်ရောက်မှုဆိုင်ရာ လေ့လာမှုတွေကို ထည့်သွင်းဖော်ပြထားတာမျိုး မရှိပါဘူး။ ပြည်တွင်းစစ်ဖြစ်ဖြစ်နေပြီး မြန်မာစစ်အစိုးရ ကြောင့် လူမှုအဖွဲ့အစည်းတွေရဲ့ ကြောက်ရွံ့မှုတွေ ရှိနေတဲ့ လက်ရှိနိုင်ငံရေးအခြေအနေမှာ အကဲဖြတ်လေ့လာသူတွေအနေနဲ့ တကယ်ထိခိုက်ခံရတဲ့ ဒေသခံတွေ လက်လှမ်းမှီနိုင်ဖို့ (ဒါမှမဟုတ်) ယုံကြည်အားထားရတဲ့ အချက်အလက်တွေကို အမှန်တကယ် ရရှိစုဆောင်း နိုင်ဖို့ဆိုတာ ဖြစ်နိုင်ချေမရှိပါဘူး။

Lu Qizhou: ဒီနှစ် ဖေဖော်ဝါရီလမှာ မြန်မာနိုင်ငံရဲ့ ၀န်ကြီးချုပ် (သိန်းစိန်) က စီမံကိန်းနေရာကို လာရောက်စစ်ဆေးတဲ့အချိန်မှာ ဆောက်လုပ်ရေးလုပ်ငန်းတွေကို တိုး မြှင့်လုပ်ဆောင်ဖို့ ကျွန်တော်တို့ကို တိုက်တွန်းခဲ့သေးတယ်ဆိုတော့ အခုလို ရုတ်တရက် ကြီး ဆိုင်းငံ့မယ်ဆိုတဲ့အချက်က အရမ်းကို စိတ်ရှုပ်ထွေးစေပါတယ်။

BRN: ဦးသိန်းစိန်အနေနဲ့ ဒီစီမံကိန်းကို တကယ်ပဲ တိုးမြှင့်လုပ်ဆောင်ချင်ရင် သူ့ရဲ့လုပ်ရပ် တွေကို သေချာရှင်းပြသင့်တယ်။ နောက်ပြီး မြန်မာစစ်အစိုးရအနေနဲ့ ပွင့်လင်းမြင်သာတဲ့ လုပ်ငန်းစဉ်ကို လူတိုင်းတွေ့မြင်နိုင်ဖို့အတွက် CPI နဲ့ ချုပ်ဆိုထားတဲ့ သဘောတူညီချက် အားလုံးကို အများသိအောင် ထုတ်ဖော်ရမှာဖြစ်တယ်။

Lu Qizhou: ဧရာဝတီမြစ်အထက်ပိုင်း ရေအားလျှပ်စစ်စီမံကိန်းဟာ တရုတ်-မြန်မာနယ်စပ် မှာတည်ရှိပြီး ဒီစီမံကိန်းကနေ ထုတ်လုပ်နေတဲ့ ရေအားလျှပ်စစ်အရင်းအမြစ်တွေဟာ စက် မှုဖွံ့ဖြိုးမှုအတွက် မြန်မာနိုင်ငံရဲ့ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်တာတခုတည်း မကပဲ တရုတ်နိုင်ငံအတွက် သန့်ရှင်းတဲ့စွမ်းအင်လိုအပ်ချက်ကိုလည်း ထောက်ပံ့ပေးပါ တယ်။ ဒီအချက်အပေါ် အခြေခံစဉ်းစားပြီးမှ ကျွန်တော်တို့အနေနဲ့ နှစ်ဦးနှစ်ဖက် အကျိုးရှိပြီး နှစ်ဆအောင်မြင်တဲ့ ရေအားလျှပ်စစ်စီမံကိန်းကို ရင်းနှီးမြုပ်နှံဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

BRN: ဒီဆည်စီမံကိန်းကြောင့် မြန်မာနိုင်ငံဟာ လူမှုရေးနဲ့ စီးပွားရေး ကုန်ကျမှုအားလုံးကို ရင် ဆိုင်နေရချိန်မှာ တရုတ်အနေနဲ့ ဆည်ကရရှိမယ့် စွမ်းအင် ၉၀ ရာခိုင်နှုန်းကို ရရှိမှာဖြစ် တဲ့အတွက် တရုတ်နိုင်ငံအတွက်ဆိုရင်တော့ နှစ်ဆအောင်မြင်မယ့်စီမံကိန်းဖြစ်တယ်ဆိုတာ မိမိတို့ နားလည်ပါတယ်။

Lu Qizhou: ကျွန်တော်တို့ စီမံကိန်းလုပ်ဆောင်နေတဲ့ အချိန်ကာလအတွင်းမှာ ရင်းနှီးမြှုပ်နှံမှုကြောင့် မြန်မာအစိုးရအနေနဲ့ အခွန်အကောက်ကနေ အမေရိကန်ဒေါ်လာ ၅၄ ဘီလီယံရတဲ့အပြင် အခမဲ့ လျှပ်စစ်မီးနဲ့ အစုပေါ်အမြတ်ရှယ်ယာကိုလည်း CPI က ရရှိမယ့်အရာတွေထက်ပိုပြီး စီးပွားရေးအကျိုး အမြတ်အဖြစ် ရရှိမှာဖြစ်ပါတယ်။

BRN: ပြီးခဲ့တဲ့နှစ်တွေမှာ မြန်မာစစ်အစိုးရဟာ ထိုင်းနိုင်ငံကို သဘာဝဓာတ်ငွေ့ရောင်းချမှုက နေ ဘဏ္ဍာငွေ ဘီလီယံနဲ့ချီ ရရှိခဲ့ပေမယ့် မြန်မာနိုင်ငံဟာ အခုချိန်ထိ ကမ္ဘာပေါ်မှာ လူမှုရေး နဲ့ စီးပွားရေးဆိုင်ရာ အဆိုးဝါးဆုံးဖြစ်တဲ့ ဆင်းရဲတဲ့နိုင်ငံအဖြစ် ရှိနေဆဲပါပဲ။ ဒါကြောင့် "စီးပွားရေး အကျိုးအမြတ်" ဆိုတာဟာ ပြည်သူတွေအတွက် မဟုတ်သလို နိုင်ငံရဲ့ စစ်မှန်တဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း မဟုတ်ပါဘူး။

Lu Qizhou: ကျွန်တော်သိသလောက်ဆိုရင် ရေအားလျှပ်စစ်ထုတ်လုပ်လာခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်လောက်မှာ ရေကာတာတွေ တည်ဆောက်မှုကြောင့် ရေကြီးတာတွေ၊ ပျက်စီး ဆိုးဝါးတဲ့ ငလျင်ဘေးသင့်တာတွေဖြစ်တာမျိုး တခါမှ မရှိဖူးသေးပါဘူး။ ကျွန်တော်တို့အနေ နဲ့ ဆည်တည်ဆောက်ရေးလုပ်ငန်းနဲ့ပတ်သက်တဲ့ လုံခြုံရေးကို အာမခံနိုင်ပါဘူး။

BRN: ပြင်းထန်တဲ့ငလျင်တွေ မကြာခဏ ဖြစ်ပွားမှုများလာနေတာကို ကြည့်ခြင်းအားဖြင့် လုံခြုံမှုအတွက် လုံးဝ အာမခံချက်မရှိနိုင်ပါဘူး။ ဆည်တည်ဆောက်မှုနဲ့ပတ်သက်တဲ့ လုံခြုံ မှု၊ ဒါမှမဟုတ် သဘာဝဘေးဆိုးကနေကာကွယ်ဖို့ ကြိုတင်ပြင်ဆင်မှုတွေနဲ့ ပတ်သက်ပြီး ဘာလေ့လာမှုမှ မရှိတာလည်း လူအများ သိပြီးသားဖြစ်ပါတယ်။

ဆည်တည်ဆောက်မှုကြောင့်ဖြစ်တဲ့ ကမ္ဘာ့အဆိုးဝါးဆုံး ဘေးအန္တရာယ်ကို ၁၉၇၅ ခုနှစ်မှာ တရုတ်နိုင်ငံအလယ်ပိုင်း ဟိုင်နန်ခရိုင်မှာ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီဘေးအန္တရာယ်ဖြစ်ပွားပြီး နှစ် ၂၀ အကြာမှာ ဆည်ဘေးအန္တရာယ်ကြောင့် လူပေါင်း ၂၃၀,၀၀၀ သေဆုံးခဲ့ရတယ်ဆို ပြီး အသေးစိတ် အချက်အလက်တွေ ထွက်ပေါ်လာခဲ့ပါတယ်။

Lu Qizhou: ရေအားလျှပ်စစ်ဟာ အခုချိန်မှာ အကြီးစားဖွံ့ဖြိုးတိုးတက်မှုအတွက် အသင့်တော်ဆုံး အသစ်ပြန်လည်လုပ်ဆောင်နိုင်တဲ့ စွမ်းအင်ထုတ်လုပ်မှုတခုဖြစ်တယ်ဆို တာ အများက လက်ခံလာကြပါပြီ။

BRN: မြန်မာနိုင်ငံတွင်းက ကျေးလက်ဒေသတွေနဲ့ ကချင်ပြည်နယ်ဟာ သူတို့လိုအပ်တဲ့ စွမ်းအင်ပမာဏအတွက် သင့်လျော်တဲ့ ရေအားလျှပ်စစ်အသေးစားထုတ်လုပ်မှု နည်းပညာ ကို သုံးနေကြပါတယ်။ ကချင်ပြည်နယ်ရဲ့မြို့တော် မြစ်ကြီးနားမြို့ဟာ အသေးစား ရေအား လျှပ်စစ်စီမံကိန်းကြောင့် ၂၄ နာရီ မီးရရှိတဲ့ မြန်မာနိုင်ငံက မြို့အနည်းငယ်ထဲက တမြို့အပါ အ၀င်ဖြစ်ပါတယ်။ နိုင်ငံတွင်းမှာသုံးဖို့ထက် ပြည်ပကိုတင်ပို့ရောင်းချဖို့ရည်ရွယ်လုပ်ဆောင် တဲ့ ပတ်ဝန်းကျင်ထိခိုက်စေမယ့် အကြီးစားစီမံကိန်းတွေကို မလုပ်ပဲ အသေးစားရေအား ကနေ ထုတ်လုပ်ရရှိတဲ့ လျှပ်စစ်တွေကို ဒေသခံပြည်သူတွေကိုယ်တိုင် စီမံကွပ်ကဲခွင့်နဲ့ အသုံးပြုခွင့်တွေ၊ ဗဟိုချုပ်ကိုင်မှုမရှိတဲ့ စီမံအုပ်ချုပ်ခွင့်တွေ ပိုမိုတိုးတက်အောင် လုပ်ဖို့ မြန်မာနိုင်ငံမှာ လိုအပ်နေပါတယ်။

Lu Qizhou:
မြန်မာအစိုးရဟာ ဧရာဝတီမြစ်အထက်ပိုင်း ရေးအားလျှပ်စစ်စီမံကိန်းအတွက် လိုအပ်တဲ့ ပြန်လည်နေရာချထားရေးအစီအစဉ်ကို အရေးပါတဲ့လုပ်ငန်းစဉ်အဖြစ် ထည့် သွင်းစဉ်းစားခဲ့ပြီး ပြန်လည်နေရာချထားရေးအစီအစဉ်ရဲ့ စီမံကိန်းရေးဆွဲဖို့နဲ့ အကောင်အ ထည်ဖော်ဖို့အတွက်လည်း ထိထိရောက်ရောက် ဦးဆောင်စီစဉ်ခဲ့ပြီးပါပြီ။ သဘောတူညီ ချက်အရ ကျွန်တော်တို့အနေနဲ့လည်း ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်မှာ ကူညီ ထောက်ပံ့ပေးခဲ့သလို ရွှေ့ပြောင်းသူတွေရဲ့ ဖြစ်ချင်တဲ့ဆန္ဒတွေ၊ တိုင်းရင်းသား ဓလေ့ ထုံးတမ်းတွေနဲ့ ဒေသမှာကျင့်သုံးတဲ့ ဘာသာတရားတွေကို လေးစားမှုပေးပြီး ကျွန်တော်တို့ ရဲ့ လူမှုရေးတာဝန်ယူမှုနဲ့ လုပ်ရမယ့်ဝတ္တရားတွေကို တက်တက်ကြွကြွ အပြည့်အ၀ ဖြည့်ဆည်းပေးခဲ့ပါတယ်။

BRN: ရွာသူရွာသားတွေဟာ အကယ်၍ စစ်တပ်အရာရှိတွေရဲ့လက်အောက်မှာ နေရာ ပြောင်းရွှေ့မှုတွေကို မကျေနပ်ရင်၊ ဆန့်ကျင်ခုခံခဲ့ရင် နောက်ဆက်တွဲ သူတို့ဘ၀အတွက် စိုးရိမ်ကြောက်လန့်နေကြရပါတယ်။ အဲဒါကြောင့်ပဲ သူတို့တွေရဲ့ လယ်ယာမြေတွေကို စွန့်လွှတ်ဖို့၊ မျှတမှုမရှိတဲ့ မလုံလောက်တဲ့လျော်ကြေးငွေတွေကို လက်ခံဖို့အတွက် အတင်း အဓမ္မ ဖိအားပေးခံကြရပြီး အသက်ရှင်ရပ်တည်ဖို့အတွက် ရေနဲ့ လယ်ယာမြေအလုံအ လောက်မရှိတဲ့ ပြန်လည်နေရာချထားရေးစခန်းကိုသွားဖို့ အတင်းပြောင်းရွှေ့ခံကြရပါတယ်။ ပြည်သူတွေဟာ လုပ်ခနည်းနည်းရတဲ့ ယာယီအလုပ်လေးတွေမရှိတဲ့အပြင် လုံးဝ အလုပ် လက်မဲ့ဘ၀လည်း ရောက်ကြရပြီး သူတို့တွေရဲ့ မွေးရပ်မြေနဲ့သက်ဆိုင်တဲ့ ယဉ်ကျေးမှုရိုးရာ ဓလေ့ ထုံးတမ်းတွေကိုလည်း ဆက်ပြီး မကျင့်သုံးနိုင်ကြတော့ပါဘူး။ ပြန်လည်နေရာချထား ရေးစခန်းမှာနေထိုင်တဲ့ ကျေးရွာသူရွာသားတွေဟာ လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှား ခွင့်မရကြပဲ စစ်တပ်ရဲ့ စောင့်ကြပ်မှုအောက်မှာပဲ နေကြရပါတယ်။

ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းကြောင့် ရွာပေါင်း ၆၉ ကျော်၊ ခန့်မှန်းခြေ ပြည်သူပေါင်း ၁၅,၀၀၀ လောက်ဟာ သူတို့တွေရဲ့ မွေးရပ်မြေကနေ အပြီးအပိုင် ပြောင်းရွှေ့ခံရနိုင်ပါတယ်။ ဒီလိုနေရာမတည်မြဲမှုကြောင့် အလုပ်လက်မဲ့ပြဿနာတွေ၊ လယ်ယာမြေပြဿနာတွေအပါ အ၀င် နောက်ထပ်လူမှုရေးပြဿာတွေကို ဖြစ်ပေါ်စေနိုင်ပြီး အိမ်နီးချင်းနိုင်ငံတွေကို ရွှေ့ ပြောင်းလုပ်ကိုင်မှုတွေ၊ လူကုန်ကူးခံရမှုတွေလည်း ပိုပြီး ဖြစ်ပွားစေနိုင်ပါတယ်။ ဒီလိုပြဿ တွေဟာ အထူးသဖြင့် အမျိုးသမီးတွေကို ပိုပြီး သက်ရောက်စေနိုင်ပါတယ်။

Lu Qizhou:
မြစ်ဆုံရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ပြီးစီးတဲ့အချိန်ကျ ရင် ရေကြီးမှုတွေ၊ မြစ်အောက်ပိုင်းဒေသ ရေကြီးမှုကြောင့် ဆန့်ကျင်ကွက်မှု တိုးမြင့်မှုတွေ၊ မြစ်ကမ်းတဖက်တချက်မှာ နေထိုင်ကြ ပြည်သူတွေကို မြစ်အောက်ပိုင်းရေကြီးမှုကြောင့် ဖြစ်စေတဲ့ ဘ၀နဲ့ ပိုင်ဆိုင်မှုပစ္စည်း ဆုံးရှုံးမှု စတဲ့ ပြဿတွေအားလုံးကို  ထိထိရောက် ရောက် လျော့ကျထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။

BRN:
လျှပ်စစ်ဓာတ်အားပေးဆည်တွေက ရေလွှတ်ထုတ်မှုအခြေအနေဟာ လျှပ်စစ်ဝယ် ယူသူတွေရဲ့ လိုအပ်ချက်အတွက် လျှပ်စစ်ထုတ်လုပ်မှုပမာဏအပေါ် လုံးဝ မူတည်နေပါ တယ်။ ဒီအခြေအနေမှာ ဧရာဝတီမြစ်ဆုံစီမံကိန်းရဲ့ ဆည် ၇ ခုလုံးဟာ မြန်မာနိုင်ငံရဲ့ မြစ်အောက်ပိုင်းဒေသ စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ဆက်သွယ်သွားလာရေးအတွက်မဟုတ်ပဲ တရုတ်နိုင်ငံရဲ့ လျှပ်စစ်လိုအပ်ချက်အတွက်ကိုသာ ဖြည့်ဆည်းပေးမှာ ဖြစ်ပါတယ်။ ဆည် တည်ဆောက်နေတဲ့ တရုတ်အင်ဂျင်နီယာတွေက နေပြည်တော်ရဲ့ အမိန့်မဟုတ်ပဲ ဘီဂျင်း က အမိန့်အရ မြစ်အောက်ပိုင်းကို ရေဘယ်လောက်လွှတ်ထုတ်မယ်ဆိုတာကို ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ မဲခေါင်မြစ်ဝှမ်းမှာ ဖြစ်ပျက်နေတဲ့အတိုင်း ဒီမြစ်ဆုံစီမံကိန်းဟာ ရုတ်တရက် မျှော်လင့်မထားတဲ့ ဆိုးဝါးတဲ့ ရေကြီးမှုနဲ့ ရေပြတ်လပ်ရှားပါးမှုတွေကို ဖြစ်စေနိုင်ပါတယ်။

ဆက်သွယ်ရန်
အားနန်- +66-848854154,
  စိုင်းစိုင်း- +66-884154386
 Email –  This e-mail address is being protected from spambots. You need JavaScript enabled to view it
 Website – www.burmariversnetwork.org
To download: English | Burmese | Chinese
AddThis Social Bookmark Button
 

ပုံနှိပ်ထုတ်ဝေမှုများ

 
  အင်္ဂလိပ် မြန်မာကချင်
 
 
  အင်္ဂလိပ် မြန်မာကူကီး
-------------------------------
အခြားပုံနှိပ်ထုတ်ဝေမှုများ

ဤ၀ဘ်ဆိုဒ်ကို

 ဖြင့်ဖတ်ရူ့ပါကအကောင်းဆုံး