Skip to content
မြန်မာနိုင်ငံ၏ လှပသောမြစ်ချောင်းများ လွတ်လပ်စွာစီးဆင်းနိုင်ပါစေ
မိမိတို့အကြောင်း Print E-mail
+ 1
+ 0
မြန်မာနိုင်ငံ မြစ်များဆိုင်ရာ ကွန်ရက်အဖွဲ့သည် မြန်မာနိုင်ငံရှိ ဆည်တာတမံများတည်ဆောက်မှုကြောင့် ဆိုးကျိုးသင့်ခံရ သည့် ဒေသများရှိ လူမှုအဖွဲ့အစည်းများ ပါဝင်ဖွဲ့စည်းထားပါသည်။

မိမိတို့၏ ရည်ရွယ်ချက်မှာ မြစ်များ၏ ဂေဟစနစ် ကျန်းမာသန်စွမ်းစေရေးနှင့် ဇီဝမျိုးကွဲများ တည်ရှိမှုကို ကာကွယ်ထိန်း သိမ်းပေးနိုင်ရေးဖြစ်ပါသည်။ မြစ်များပေါ်တွင် အကြီးစားတည်ဆောက်ရေး ဖွံ့ဖြိုးရေးစီမံချက်များကြောင့် ဆိုးကျိုးဒုက္ခတွေ့ ကြုံရမည့် ရပ်ရွာများ၊ လူမှုအဖွဲ့အစည်းများ၏ အခွင့်အရေးကို ကာကွယ်ပေးရန် ဖြစ်ပါသည်။

မိမိတို့အနေနှင့် မြစ်ကြောင်းများ၊ သဘာဝ အရင်းအမြစ်များကို ပြည်သူများ၊ ရပ်ရွာ လူမှုအဖွဲ့အစည်းများက လေးစားစွာ စောင့်ရှောက်ထိန်းသိမ်းခွင့်၊ ကာကွယ်ပိုင်ခွင့်၊ မြှင့်တင်ဖွံ့ဖြိုးခွင့်ရှိသည့် နိုင်ငံတခုဖြစ်လာစေရန် ရည်သန်ပါသည်။ မိမိတို့ အနေနှင့် ယုံကြည်သည်မှာ သဘာဝအရင်းအမြစ်များကို ထုတ်လုပ်အသုံးချခြင်းနှင့် ဖြန့်ဝေခြင်းသည် ဂေဟဗေဒစနစ် ရေရှည်တည်တံ့ခိုင်မြဲမှုနှင့် လူမှုရေး တရားမျှတမှုကို မဆန့်ကျင်သည့် မူဝါဒများအပေါ် အခြေခံဆောင်ရွက်ရမည်ဟု ယုံ ကြည်ပါသည်။

မြန်မာနိုင်ငံတွင် လူမှုအဖွဲ့အစည်းများအကြား ခိုင်မာအားကောင်းသည့် ကွန်ရက်များ ဖြစ်ပေါ်လာစေရေးသည် မိမိတို့၏ ရည်ရွယ်ချက်ဖြစ်ပါသည်။ မိမိတို့အနေနှင့်-
  • မြစ်ကြောင်းများကို ပျက်စီးစေသည့် တည်ဆောက်မှုများကို စောင့်ကြည့်၍ ရပ်ဆိုင်းစေရန် လုပ်ဆောင်သွားမည် ဖြစ်သည်။
  • ဆုံးဖြတ်ချက်များချမှတ်ရာတွင် လူထုများကိုယ်တိုင်ကိုယ်ကျ အဓိပ္ပါယ်ရှိရှိ ပါဝင်ဆောင်ရွက်ခွင့် ရရှိစေရန် မြှင့် တင်ကြိုးပမ်းသွားပါမည်။ အထူးသဖြင့် ဌာနေတိုင်းရင်းသားများအနေနှင့် အလားတူ အခွင့်အရေးရရှိစေရန် ဆောင်ရွက်သွားမည် ဖြစ်သည်။
  • အခြားရွေးချယ်စရာနည်းလမ်းဖြင့် စွမ်းအင်များ ထုတ်လုပ်သုံးစွဲနိုင်ရေးနှင့် အခြားနည်းဖြင့် ရေအရင်းအမြစ် အသုံးချခြင်းကို အဖြေရှာကြိုးပမ်းသွားမည်။
  • ဖွံ့ဖြိုးတိုးတက်စေသည့် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ ဖြစ်ပေါ်လာစေရေးအတွက် ဖွံ့ဖြိုးရေးကိစ္စ ဆောင်ရွက်နေကြ သည့်အင်အားစုများကို တိုက်တွန်းတောင်းဆိုနိုင်ရန် လူမှုရေး အင်အားစု၊ အစုအဖွဲ့များကို အားကောင်းစေရန် ဆောင်ရွက်သွားမည်။
  • ထိခိုက်နစ်နာရသည့် ရပ်ရွာများ၊ လူမှုအဖွဲ့အစည်းများ လူထုထောက်ခံပံ့ပိုးမှု ကျယ်ကျယ်ပြန့်ပြန့် ရရှိလာစေရေး ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။
ဆက်သွယ်ရန် အီး-မေးလ်။ This e-mail address is being protected from spambots. You need JavaScript enabled to view it


 

ပုံနှိပ်ထုတ်ဝေမှုများ

ရေလွမ်းမိုးခြင်းကိုခုခံတွန်း
လှန်ခြင်း

 

အစီရင်ခံစာရယူရန်။အင်္ဂလိပ်ဘာသာ

 -----------------------------

အောက်ခြေရှိရေစီးကြောင်းများ
(အတွဲ ၃)

အစီရင်ခံစာရယူရန်။အင်္ဂလိပ်ဘာသာ 

-------------------------------
အခြားပုံနှိပ်ထုတ်ဝေမှုများ

ဤ၀ဘ်ဆိုဒ်ကို

 ဖြင့်ဖတ်ရူ့ပါကအကောင်းဆုံး