• +

လျှပ်စစ်ဌာနက ဖိတ်ကြားသည့် ဓါတ်အားခွဲရုံဖွင့်ပွဲ အခမ်းအနား SSPP/SSA အား ခိုလမ်စစ်တိုင်းမှူး တက်ခွင့်မပြု

User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

သျှမ်းသံတော်ဆင့် ၊ ဟွမ်ဟိန်း
ဇန်နဝါရီ ၂၇ ရက် ၂၀၁၇
မိုင်းရှူးမြို့ နှင့် ကျေးသီးမြို့ ဓါတ်အားခွဲရုံဖွင့်ပွဲတက်ရောက်ရန် လျှပ်စစ်ဝန်ကြီးဌာန ကျေးသီး၊ မိုင်းရှူး ရုံးအဖွဲ့တာဝန်ခံ၏ ဖိတ်ကြားမှုကြောင့် ဖွင့်ပွဲတက်ရောက်လာသည့် သျှမ်းပြည် တပ်မတော် SSPP/SSA အား အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူးက ပွဲတက် ခွင့်မပြုဟု သိရသည်။

ဇန်နဝါရီ ၂၆ ရက် မွန်းတည့် ၁၂ နာရီအချိန် မိုင်းရှူးမြို့ အားကစားရုံ၌ ကျင်းပသည့် မိုင်းရှူးမြို့ ဓါတ်အား ခွဲရုံ ဖွင့်ပွဲသို့သော်လည်းကောင်း၊ မွန်းလွဲ ၃ နာရီ ကျေးသီးမြို့ ဓါတ်အားခွဲရုံဖွင့်ပွဲသို့ သော်လည်း ကောင်း တက်ရောက်ပေးပါရန် လျှပ်စစ်ဓါတ်အားခွဲရုံ ဖွင့်ပွဲ ဖြစ်မြောက်ရေး က သျှမ်းပြည်တပ်မတော် SSPP/SSA အား ဖိတ်ကြားထားသော်လည်း နမ့်စန်မြို့နယ် ခိုလမ်အခြေစိုက် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (ရလခ) တိုင်းမှူး က ခွင့်မပြုသည့်အတွက် SSPP/SSA ကိုယ်စားလှယ်များတက်ရောက်ခွင့် မရခဲ့ဟု ဆိုပါသည်။

“အစိုးရ ဌာန က ကျနော်တို့အပေါ် ယုံကြည်လို့ ဖိတ်ကြားထားတယ်။ ကျနော်တို့လည်း ဒီဖိတ်ကြားမှုကို အလေးထားလို့ ယုံကြည်လို့ သွားတာ။ တိုင်းမှူးကဘယ်လိုသဘောထားကြောင့် ဘာအတွက်ကြောင့်ဟန့် တားလဲဆိုတာ ကျနော်တို့လဲ နားမလည်ဘူး။ ဒီလုပ်ရပ်က နိုင်ငံတော်က လုပ်လိုတဲ့ ငြိမ်းချမ်းရေး၊ တိုင်း ရင်းသားစည်းလုံးညီညွတ်ရေးအတွက် အပြုသဘောမဆောင်ဘူး” - ဟု ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးဘုန်း ဟန် ကပြောသည်။

လျှပ်စစ်ဓါတ်အားခွဲရုံ ဖွင့်ပွဲ တက်ရောက်ရန် SSPP/SSA ဌာနချုပ်အရာ ရှိ စဝ်တွန်းခမ်း နှင့် အဖွဲ့ဝင် သုံးဦးအား စေလွတ်ကြောင်းကြားသိရသည်။
ရလခ တိုင်းမှူး ဗိုလ်ချုပ်သန်းလှိုင်သည် တန့်ယန်း - မိုင်းရှူး ကြား လမ်းမပေါ် မှ အရှေ့ဘက် သံလွင်မြစ် သို့ (လွယ်နိုင်း - တာ့ဝန်းနောင်း) တပ်မတော်သားအင်အားဖြင့် လမ်းဖေါက်လုပ်မည်ဟု သျှမ်းပြည်တပ် မတော်ထံ ပြောကြားသည့်နောက်ပိုင်း သျှမ်းပြည်တပ်မတော် SSPP/SSA ဘက်မှ တပ်မတော်အင် အားဖြင့် လမ်းဖေါက်လုပ်ရန်မသင့်တော်ကြောင်း၊ လမ်းဖေါက်လုပ်ရေးလုပ်သားဖြင့် ဖေါက်လုပ်ရန်သာ သင့်တော်ကြောင်း နေပြည်တော်သို့ အကြောင်းပြန်ကြားသည့်နောက်ပိုင်း စစ်ရေးတင်းမာလာခဲ့သည်။

ဘိန်းခြံရှင်းလင်းရေးအကြောင်းပြချက်ဖြင့်လည်း ဇန်နဝါရီ ၂၁ ရက်ကနေ့က နှစ်ဘက် ရင်ဆိုင် တိုက်ခိုက်မှုဖြစ်ပွားခဲ့ပေါသေး သည်။ နှစ်ဘက်စစ်ရေးတင်းမာသည့်အနေအထားကြားက သျှမ်းပြည် တပ်မတော် တပ်ဖွဲ့ဝင်များ အစိုးရ တပ်မတော်၏ ဖမ်းဆီးထိန်း သိမ်းမှုများလည်းရှိခဲ့သည်။

တပ်မတော်တပ်မှူးနှင့် SSPP/SSA တပ်မှူးတို့ တန့်ယန်းမြို့နယ်အတွင်းရှိ တပ်စခန်းများ ပူးတွဲကွင်းဆင်းမှု ရှိခဲ့သော်လည်း နှစ်ဘက် စစ်ရေးပြေလျော့ မှုမရှိသေးပေ။
ယခုကဲ့သို့ စစ်ရေးတင်းမာမှုသည် ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲအား အဟန့်အတား ဖြစ်စေနိုင် သည်ဟု နိုင်ငံရေးပါတီဝင်များက သုံးသပ်ပြော ဆိုသည်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကလည်း အဆိုပါဒေသအတွင်း အစိုးရတပ်မတော် ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် လူပေါင်း တသိန်းခန့် မဲပေးပိုင်ခွင့် လှစ်ဟင်းခဲ့သည်။
သျှမ်းပြည်တပ်မတော် SSPP/SSA သည် ပြည်နယ်အဆင့် ပြည်ထောင် စုအဆင့် ငြိမ်းချမ်းရေးလက်မှတ် ရေးထိုးထားသည့် သျှမ်းလက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည်။

 

Voices of the Dammed

ဆည်များနှင့် ပတ်သက်၍
Wednesday, 24 September 2008
ဆည်များနှင့် ပတ်သက်၍ မကြာခဏ မေးလေ့ရှိသည့်... Read More...
တရုတ်နိုင်ငံ၏ ဆည်တည်ဆောက်ရေး စီးပွားရေးလုပ်ငန်း
Wednesday, 24 September 2008
တရုတ်နိုင်ငံ၏ ဆည်များကို အခြေပြုသည့်... Read More...
ရေအားလျှပ်စစ်ထုတ်ယူရေး လမ်းညွှန်ချက်များ
Wednesday, 24 September 2008
ကမ္ဘာ့ဆည်များဆိုင်ရာ ကော်မရှင် [World Commission on Dams (WCD)]... Read More...
မြန်မာနိုင်ငံ၏ မြစ်များနှင့် ပတ်သက်သည့်ဥပဒေ
Wednesday, 24 September 2008
ရေအရင်းအမြစ်ထိန်းသိမ်းမှုနှင့် မြစ်များဆိုင်ရာ... Read More...