Thursday, 30 March 2017

သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် မည်သည့်ရေကာတာ စီမံကိန်းမဆို လက်မခံကြောင်း ဒုတိယဗိုလ်ချုပ် ကြီးယွတ်စစ်ပြော Posted By: သျှမ်းသံတော်ဆင့်/စိုင်းအောင်ဆိုင်းon: February 11, 2017In: သတင်း, သဘာဝပတ်ဝန်းကျင်No Comments Print Email သျှမ်းပြည် အတွင်း စီးဆင်းဖြတ်သန်

User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

သျှမ်းသံတော်ဆင့်

Posted By: သျှမ်းသံတော်ဆင့်/စိုင်းအောင်ဆိုင်းon: February 11, 2017

သျှမ်းပြည် အတွင်း စီးဆင်းဖြတ်သန်းသည့် သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် မည်သည့်ရေကာတာ စီမံကိန်းမဆို လက်ခံမည်မဟုတ်ကြောင်း RCSS/SSA ဒုတိယဗိုလ်ချူပ်ကြီး ယွတ်စစ် က ဖေဖော်ဝါရီ ရ ရက်က Channel News Asia မှ သတင်းထောက် Panu Wongcha-Um တွေ့ဆုံမေးမြန်းရာ တွင် ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည် ။

လက်ရှိအစိုးရသစ် လက်ထက်တွင် သံလွင်မြစ်ပေါ်တွင် ရေးအားလျှပ်စစ် ထုတ်လုပ်နိုင်သည့် ရေကာတာများ တည်ဆောက်နိုင်ရန် စီစဉ်နေခြင်းများရှိပြီး သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေကာတာ စီမံကိန်းများနှင့် ပတ်သက်ပြီး အဆိုပါ သတင်းထောက် တွေ့ဆုံမေးမြန်းရာ တွင် ဒုတိယဗိုလ်ချူပ်ကြီးယွတ်စစ် ပြန်လည်ဖြေကြား သွားခဲ့ခြင်းဖြစ်သည် ။

ဒုတိယဗိုလ်ချူပ်ကြီးယွတ်စစ် က “ရေကာတာ တည်ဆောက်တာတွေက ပြည်သူတွေ ကို ထိခိုက်နစ်နာ စေ တယ်။ နောက်ပြီး ကျနော်လည်း ဒီကိစ္စကို သဘောမတူဘူး။ သံလွင်မြစ်ကြီးက သျှမ်းပြည်တစ်ခုလုံးကို ဖြတ်သန်းပြီးတော့ သျှမ်းပြည်သူတွေနဲ့ တစ်သားတည်း ဖြစ်နေတာဖြစ်တယ်။ ဒီရေကာတာ စီမံကိန်းကြီးက ပြည်သူလူထုတွေကို ထိခိုက်စေမယ်ဆိုရင် ကျနော်တို့ အနေနဲ့ ဒီစီမံကိန်းတွေကို လက်မခံနို်င်ပါဘူး” – ဟု ဖြေကြားသွားခဲ့သည် ။

 သံလွင်မြစ်ပေါ်တွင် ရေအားလျှပ်စစ် စီမံကိန်း ၆ ခု (သျှမ်းပြည်အတွင်း ၄ ခု၊ ကယားပြည်တွင် ၁ ခု နှင့် ကရင်ပြည်တွင် ၁ ခု တို့ကို အရင်အစိုးရ လက်ထက် ၂၀၀၉ မှာ ရေးထိုးခဲ့ပြီး ၂၀၁၄ မှာ သဘောတူစာချွန်လွှာ ရေး ထားပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ China Three Gorges Corporation ၊ ထိုင်းနိုင်ငံမှ EGAT Inter -national နှင့် International Group of Entrepreneurs Company Ltd ( IGOEC) တို့အား ဆောက်လုပ် ခွင့် ကန်ထရိုက် ပေးထားကြောင်း သိရသည် ။

ထိုအနက် မိုင်းတုံ ရေအားလျှပ်စစ်စီမံကိန်းမှ ထွက်ရှိလာမည့် လျှပ်စစ်ဓါတ် အား ၈၀၀၀ မဂ္ဂါ၀ပ် ကို ထိုင်းနိုင်ငံသို့ ၄၅ ရာခိုင်နှုန်း တရုတ်နိုင်ငံသို့ ၄၅ ရာခိုင်နှုန်း အား နှစ် ၄၀ ကြာ ရောင်းချမည်ဖြစ်ပြီး မြန်မာနိုင်ငံအတွက် ၁၀ ရာခိုင်နှုန်းသား ရရှိမည်ဖြစ်ကြောင်း သိရသည် ။

လက်ရှိတွင် သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် စီမံကိန်းနှင့် ပတ်သက်ပြီး ရှမ်းပြည် လူထုအဖွဲ့အစည်း အသီးသီးများ၊ ကယားပြည်နယ်ရှိ လူထုအဖွဲ့အစည်း၊ ကရင်ပြည်နယ်ရှိ လူထုအဖွဲ့အစည်းနှင့် မွန်ပြည်နယ်မှ လူထုအဖွဲ့အစည်းများက ဆည်တည်ဆောက်မည့်ကိစ္စကို ဆက်လက်ဆန့်ကျင် ကန့်ကွက်သွားခြင်းများ လုပ်ဆောင်ရန်ရှိကြောင်း ဆိုကြသည် ။

http://burmese.panglong.org/2017/02/11/သံလွင်မြစ်ပေါ်တွင်-တည်ဆ/

Voices of the Dammed

ဆည်များနှင့် ပတ်သက်၍
Wednesday, 24 September 2008
ဆည်များနှင့် ပတ်သက်၍ မကြာခဏ မေးလေ့ရှိသည့်... Read More...
တရုတ်နိုင်ငံ၏ ဆည်တည်ဆောက်ရေး စီးပွားရေးလုပ်ငန်း
Wednesday, 24 September 2008
တရုတ်နိုင်ငံ၏ ဆည်များကို အခြေပြုသည့်... Read More...
ရေအားလျှပ်စစ်ထုတ်ယူရေး လမ်းညွှန်ချက်များ
Wednesday, 24 September 2008
ကမ္ဘာ့ဆည်များဆိုင်ရာ ကော်မရှင် [World Commission on Dams (WCD)]... Read More...
မြန်မာနိုင်ငံ၏ မြစ်များနှင့် ပတ်သက်သည့်ဥပဒေ
Wednesday, 24 September 2008
ရေအရင်းအမြစ်ထိန်းသိမ်းမှုနှင့် မြစ်များဆိုင်ရာ... Read More...
© 2017 မြန်မာနိုင်ငံ မြစ်ချောင်းများဆိုင်ရာ ကွန်ယက်. All Rights Reserved.