သတင္း

အမေရိကန်၌ ဆည်ရေကျိုးပေါက်မှုကြောင့် လူထောင်ပေါင်းများစွာရွှေ့ပြောင်း

User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

ဧရာဝတီ

By ဧရာဝတီ 13 February 2017
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မြောက်ပိုင်းမှာ Oroville ဆည်မှ ရေများလျံထွက်လာ သည့် အတွက် ဒေသခံ လူပေါင်း ၁သိန်း ၃သောင်းကို မနေ့က ပြောင်းရွေ့ရန် အာဏာပိုင်များက အမိန့် ထုတ်လိုက်ပါတယ်။

အဆိုပါ ဆည်၏ အရေးပေါ် ရေပိုလွှဲမြောင်းကျိုးပေါက်ကာ ရေများလျံထွက်လာခြင်းဖြစ်ပြီး၊ ပတ်ဝန်း ကျင်ကို ရေလွှမ်းမိုးလာနိုင်တဲ့အတွက် ပြောင်းရွေ့ရခြင်းဖြစ်ပါတယ်။

အာဏာပိုင်တွေကတော့ Oroville ကန်ရဲ့ ပတ်ဝန်းကျင်အခြေအနေဟာ အန္တရာယ်ရှိတဲ့ အနေ အထားဖြစ်ပြီး ရေပိုလွှဲဟာ ကျိုးသွားနိုင်တယ်လို့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကြိုတင်သတိပေး ပြောဆိုမှုတွေ လုပ်ခဲ့ပါတယ်။

အန္တရာယ်ရှိတဲ့ နေရာတွေကတော့ ကယ်လီဖိုးနီးယား မြို့တော် Sacramento တို့ ၇၅မိုင်ခန့်ကွာ၊ ချီကိုမြို့ရဲ့ အရှေ့တောင်ဘက် ၂၅မိုင်အကွာတို့ဖြစ်ပါတယ်။

အခုအခါမှာတော့ မြို့ခံတွေဟာ ကားတွေနဲ့ Oroville ဆည်နဲ့ ဝေးရာကို ပြောင်းရွေ့နေကြပါတယ်။

http://burma.irrawaddy.com/news/short-news/2017/02/13/130319.html

Voices of the Dammed

© 2017 မြန်မာနိုင်ငံ မြစ်ချောင်းများဆိုင်ရာ ကွန်ယက်. All Rights Reserved.