ဆည်၏ လုံခြုံအန္တရာယ်ကင်းမှု

User Rating: 2 / 5

Star ActiveStar ActiveStar InactiveStar InactiveStar Inactive
 

မြန်မာနိုင်ငံရှိ ဆည်တည်ဆောက်ရေးစီမံကိန်းများတွင် သင့်လျော်သည့် လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ရေးရာ စစ်ဆေး အကဲဖြတ်ချက်များ ရှိမည်ဟု အာမခံချက် မရှိပါ။ သို့အတွက်ကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင်လည်း လျှော်ကန် စွာ ဆောင်ရွက်မည်၊ စနစ်တကျ ကြီးကြပ်မှုရှိမည်ဟု မဆိုနိုင်ပါ။ ဒေသခံပြည်သူများကိုလည်း မည်သည့်အချိန်တွင် ရေ ထုတ်လွှတ်မည်၊ ဆည်ကြောင့် မည်သည့်ဆိုးကျိုးအန္တရာယ်များ ကြုံတွေ့ရနိုင်သည် စသည့် သတင်းအချက်အလက်များကို လည်း သေချာပေးထားလိမ့်မည် မဟုတ်ပါ။ အရေးပေါ်အခြေအနေ ကြံရပါက မည်သို့ပြင်ဆင်ထားရှိရမည်ကိုလည်း ပြော ဆိုထားမည် မဟုတ်ပါ။ ၎င်းကဲ့သို့ အစီအစဉ်များလည်း ရှိမည် မဟုတ်ပါ။ သို့အတွက်ကြောင့် ဆည်များ၏ အန္တရယ်ကင်း လုံခြုံမှုသည် အထူးစိုးရိမ်ဖွယ်အချက် ဖြစ်နေစေပါတော့သည်။

မြေငလျှင်များနှင့် ဆည်ကျိုးပေါက်မှုများ

b_150_100_16777215_00_images_stories_concerns_earthquake_and_dambreaks.gif ကချင်ပြည်နယ်ရှိ ၀ါရှောင်ဆည်သည် ၂၀၀၆ ခုနှစ်တွင် ကျိုးပေါက်ခဲ့ပါသည်။ ဤရလဒ်ကြောင့် ဆည်တခုလုံး ပျက်စီးခဲ့ရပါသည်။

မြန်မာနိုင်ငံတွင် လက်ရှိတည်ဆောက်နေဆဲ ဖြစ်သည့် ဆည်ကြီးများမှာ ငလျှင်အန္တရာယ်မကင်းသော ဒေသများတွင် ဆောက်လုပ်နေကြခြင်း ဖြစ်ပါသည်။ တည်ဆောက်ရန် လျာထားသည့် သံလွင်မြစ်ပေါ်မှ ဆည်များနှင့် ဧရာဝတီ/ မေခ/ မလိခမြစ်ပေါ်ရှိ ဆည်များသည် သက်ဝင်နေဆဲဖြစ်သည့် ငလျှင်ကြောနှင့် နီးကပ်စွာ တည်ရှိနေပါသည်။ ထို့အပြင် ငလျှင် ကြီးများ၏ ပြင်းအား၊ တည်နေရာနှင့် ထူးခြားချက်များကိုလိုက်၍ ငလျှင်များကြောင့် ဆည်များ၌ အက်ကြောင်းများ ဖြစ်ပေါ် လာစေပြီး တစ်ခါတရံ ဆည်ပြိုကျ ကျိုးပေါက်သည်အထိ ဖြစ်စေနိုင်ပါသည်။ ၂၀၀၅ ခုနှစ်နှင့် ၂၀၀၆ ခုနှစ်က ကချင် ပြည်နယ်တွင် ဆည်ကျိုးပေါက်မှုကြောင့် ရေအားလျှပ်စစ်စက်ရုံ၊ ဆည်ရေကာတာများ ပြိုကျခဲ့ရပြီး၊ အိုးအိမ်များပျက်စီးကာ လူ ၅ ဦး သေဆုံးခဲ့ရပါသည်။ ကပ်ဘေးအန္တရာယ်များလည်း ကြုံရလုနီး ဖြစ်ခဲ့ရပါသည်။   

ကမ္ဘာလုံးဆိုင်ရာ ငလျှင်ကြောင့်ဖြစ်သော အန္တရာယ်များ လေ့လာအကဲဖြတ်ရေး အစီအစဉ် (Global seismic Hazard Assessment Program) ၏ အချက်အလက်များအရ မြန်မာနိုင်ငံသည် ငလျှင်အန္တရာယ် မြင့်သောအခြေအနေမှ အလွန် တရာမြင့်မားစွာ တည်ရှိနေသော ဒေသအတွင်းတွင် ကျရောက်နေပြီး၊ မြောက်ပိုင်း ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း အတွင်းတွင် တသမတ်တည်း မြင့်မားစွာ ရှိနေခဲ့ပါသည်။ တရုတ်-မြန်မာနိုင်ငံနယ်စပ်တွင် မကြာသေးမီက လှုပ်ခဲ့သော ငလျှင်ကြောင့် ဧရာဝတီမြစ်ဆုံဆည်သာ တည်ဆောက်ခဲ့ပါက မည်သို့ ဖြစ်ပေါ်လာမည်ကို တွေးတော၍ ပူပန်နေခဲ့ကြ ပါသည်။ (ဆောင်းပါးကို ဖတ်ရန်) တရုတ်နိုင်ငံရှိ စိုးရိမ်ပူပန်သူပြည်သူများက တရုတ်နိုင်ငံ အနောက်မြောက်ဒေသတွင် တည်ဆောက်မည့် ဆည်များကို ဆိုင်းငံ့ထားပါရန် ၂၀၀၈ ခုနှစ်၊ မေလတွင် အပြင်းအထန်လှုပ်ခတ်ခဲ့သော ဇီချွမ်မြေငလျှင် ကြီးအပြီးတွင် မေတ္တာရပ်ခံစာ ရေးသားပေးပို့ခဲ့ကြပါသည်။ (ဆောင်းပါးကို ဖတ်ရန်)

ရေလွှမ်းမိုးမှုဒဏ် ခံရနိုင်ခြင်း

b_150_100_16777215_00_images_stories_concerns_streetflooded.png ကချင်ပြည်နယ်တွင် ရေလွှမ်းမိုးမှုကြောင့် လမ်းမကြီးလည်း ရွှံ့ရေများစီးသော မြစ်ဖြစ်ခဲ့ရသည်။

ကမ္ဘာပေါ်ရှိ ဆည်ကြီးများ၏ အကျိုးအပြစ် သက်ရောက်နိုင်မှု အတိုင်းအတာကို ကျယ်ကျယ်ပြန့်ပြန့်လေ့လာခဲ့ကြပြီးနောက် ကမ္ဘာ့ဆည်များဆိုင်ရာကော်မရှင်က ဆည်များကြောင့် ပြည်သူလူထုများတွင် ရေလွှမ်းမိုးမှုဒဏ် ပို၍ကြုံရဖွယ်ရှိသည်ကို တွေ့ရှိ ခဲ့ကြပါသည်။ ရေတာတမံများသည် ရေလွှမ်းမိုးမှုဒဏ် အငယ်စားအချို့ကို ကာကွယ်ပေးနိုင်သော်လည်း၊ ရေလွှမ်းမိုးမှု ကြီးမားစွာ ဖြစ်ပေါ်လာပါက ဆည်များကြောင့် ပျက်စီးဆုံးရှုံးရမှု ပို၍ ကြီးမားစေနိုင်ပါသည်။ ရေလွှမ်းမိုးမှု ကြီးမားစွာဖြစ်ပေါ် လာပါက ဆည်များက ထိုရေလုံးများကို ထိန်းသိမ်းထားနိုင်စွမ်း မရှိကြတော့ပါ။ ရေလျှံပြီးနောက် ပို၍ဆိုးရွားပြင်းထန်သော ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်စေပါသည်။ ဧရာဝတီ မြစ်ဆုံဆည်တည်ဆောက်ရာတွင်လည်း ဤကိစ္စသည် စိုးရိမ်ဖွယ် အချက် ဖြစ်ပါသည်။ အကြောင်းမှာ ဤနေရာသည် မြစ်ကြီးနားမြို့အထက်ဖက် ကီလိုမီတာ ၄ဝ ခန့် အကွာအဝေးတွင်သာ တည်ရှိ နေသောကြောင့် ဖြစ်သည်။ မကြာသေးမီနှစ်များအတွင်း ထိုဒေသတဝိုက်တွင် ရေလွှမ်းမိုးမှု အန္တရာယ်က တနှစ်တခြား ပို၍ ဆိုးရွားပြင်းထန် လာနေခဲ့ပါသည်။ အကြောင်းမှာ ဤဒေသတဝိုက်တွင် ရွှေတူးဖော်နေကြသောကြောင့် မြစ်ကမ်းပါးများကို ပျက်စီးစေပြီး၊ ရေကြောင်း ပြောင်းလဲစေသည့်အပြင် ရေကြီးမှုကို သဘာဝအရ တားဆီးနိုင်သော သစ်တောများလည်း ပြုန်း တီးလာနေသောကြောင့် ဖြစ်သည်။ ၂ဝဝ၄ ခုနှစ်၊ ဇူလိုင်လတွင် မြစ်ကြီးနားမြို့ ရေလွှမ်းခဲ့ပြီး၊ လူပေါင်း ၁၉, ဝဝဝ ကျော် ရေ လွှမ်းမှုဒဏ်ခံခဲ့ကြရပါ သည်။ ဒေသရှိ ရပ်ရွာအဖွဲ့အစည်းများနှင့် ဘုရားရှိခိုးကျောင်းများ၊ ဘာသာရေးအသင်းများက ဖျားနာ သူများနှင့် အိုးအိမ်မဲ့ ဖြစ်ရသူများကို ကူညီကယ်ဆယ်ပေးရေးအတွက် ရုန်းကန်ကြိုးပမ်းခဲ့ကြရပါသည်။ 

ရုတ်တရက် ရေတက်လာခြင်းများ

b_150_100_16777215_00_images_stories_concerns_lowwater.png မဲခေါင်မြစ်တွင် ပုံမှန်မဟုတ်သော ရေလျော့ကျသွားခြင်း၊ မမျှော်လင့်ဘဲ ရေမြင့်တက်လာခြင်းကြောင့် လှေမှောက်မှုများ မကြာခဏ ဖြစ်ပွားကြရသည်။

ရေအားလျှပ်စစ်ထုတ်သော စက်ရုံများတွင် ချိန်ခါမဟုတ်ဘဲ ရုတ်တရက် တာတမံမှ ရေစွန့်ထုတ်သည့် အဖြစ်မျိုးရှိနိုင်ပါ သည်။ မြစ်အထက်ပိုင်းရှိ ဆည်ကို စီမံအုပ်ချုပ်နေသူက လျှပ်စစ်ဓါတ်အားပေးစက် လိုအပ်မှုရေပမာဏ အခြေအနေကို လိုက်၍ ရေစွန့်ထုတ်ရန် ဆုံးဖြတ်ချက် ချပါသည်။ (ဤသို့ ရေစွန့်ထုတ်ရန်ဆုံးဖြတ်ချက်ချသူများမှာ မြစ်အထက်ပိုင်း တရုတ် နိုင်ငံရှိ အာဏာပိုင်များလည်း ဖြစ်နိုင်ပါသည်။) ရေစွန့်ထုတ်လိုက်သည့်အခါ ရေအမြင့် ချက်ချင်းတက်လာပြီး၊ မြစ်အကြေ ပိုင်းရှိ လူထုများမှာ ကြိုတင်သတိပေးမှု မရှိဘဲ ရေအန္တရာယ်နှင့် ကြုံရနိုင်ပါသည်။ လူအများအဖို့ ၎င်းတို့၏လှေများ၊ ငါးဖမ်း ကိရိယာများ ဆုံးရှုံးကြရပြီး၊ ရုတ်တရက် ရေမြင့်တက်လာမှုကြောင့် အချို့မှာ ရေနစ်သေဆုံးကြရပါသည်။ ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ မဲခေါင်မြစ်ဝှမ်း ဒေသတလျှောက်တွင် လားဟူကျေးရွာများသည် အလားတူ လှေတိမ်းမှောက်သည့် အန္တရာယ် ကြုံကြရပြီး ရေရုတ်တရက်မြင့်တက်လာခြင်းကြောင့် ရေစီးကြောင်းများ ပြောင်းလဲသွားသည်ကို ကြုံတွေ့ကြရပါသည်။

Voices of the Dammed

© 2017 မြန်မာနိုင်ငံ မြစ်ချောင်းများဆိုင်ရာ ကွန်ယက်. All Rights Reserved.