Thursday, 30 March 2017

ရဲရွာဆည်

User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

b_120_0_16777215_00_images_stories_maps_yeywadam.jpgမြန်မာစစ်အစိုးရက ရဲရွာဆည်နှင့် ပတ်သက်၍ အစီအစဉ်ကို ၂၀၀၁ ခုနှစ် နှောင်းပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။ ၂၀၀၄ ခုနှစ်တွင် မြန်မာနိုင်ငံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက တရုတ်နိုင်ငံမှ ကုမ္ပဏီများ အစုအဖွဲ့နှင့် မန္တလေးတိုင်း၊ မြစ်ငယ်မြစ်ပေါ်တွင် ရဲရွာဆည် တည်ဆောက်ရေးအတွက် နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ပါသည်။ ၎င်းသည် မြန်မာနိုင်ငံနှင့် ကမ္ဘာပေါ်တွင် ဖိအားမြင့် သံမဏိပိုက်လိုင်းအားဖြည့် ကွန်ကရစ်ပြွန်များဖြင့် (roller-compacted concrete-RCC) တည်ဆောက်ထားသည့်ဆည် အမျိုးအစား ဖြစ်ပါသည်။

 



အမြင့်။ ခန့်မှန်း ၁၃၄ မီတာ။
တပ်ဆင်ထားသည့် စွမ်းအား။ ၇၉၀ မဂ္ဂါဝပ် (MW)။
နှစ်စဉ်ထုတ်လုပ်နိုင်မှု။ ၃,၅၅၀ ကီလိုဝပ်နာရီသန်းပေါင်း (Gwh)


မြန်မာနိုင်ငံမှ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက တရုတ်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ထရပ်စ်နှင့် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ [China International Trust & Investment Co. (CITIC)] နှင့် ဆိုင်နိုဟိုက်ဒရို ကော်ပိုရေးရှင်းတို့က ဦးဆောင်ဖွဲ့စည်းသည့် ကုမ္ပဏီများ အစုအဖွဲ့နှင့် နားလည်မှု စာချွန်လွှာကို ၂၀၀၄ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။ တရုတ်နိုင်ငံမှ ကုမ္ပဏီ အများနှင့် ဆွစ်ဇာလန်၊ ဗြိတိန်တို့မှ ကုမ္ပဏီများကလည်း ဆည်တည်ဆောက်ရေး လုပ်ငန်းအဆင့်ဆင့်တွင် ပါဝင်ပတ်သက် ခဲ့ကြပါသည်။

တရုတ်နိုင်ငံမှ
တရုတ်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ထရပ်စ်နှင့် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ [China International Trust & Investment Co. (CITIC)]
ဆိုင်နိုဟိုက်ဒရို ကော်ပိုရေးရှင်း
တရုတ်နိုင်ငံ လျှပ်စစ်ဓါတ်အား ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (CPI)
တရုတ်နိုင်ငံ သွင်းကုန်-ထုတ်ကုန်ဘဏ် [Export-Import Bank of China (China Exim Bank)]
တရုတ်နိုင်ငံ ဂီဇောင်ဘားအုပ်စု ကုမ္ပဏီ [China Gezhouba Group Co. (CGGC)]
တရုတ် အမျိုးသား လျှပ်စစ်ပစ္စည်းများ ကုမ္ပဏီ (China National Electric Equipment Co.)
ဟူနန် ဆာဗိုး ပြည်ပ ရေနှင့် လျှပ်စစ် အင်ဂျင်နီယာလုပ်ငန်း ကုမ္ပဏီ (Hunan Savoo Overseas Water & Electric Engineering Co.)
တရုတ်နိုင်ငံ အမျိုးသား စက်ယန္တယားကြီးများ ကော်ပိုရေးရှင်း China National Heavy Machinery Corporation
ဆွစ်နိုင်ငံမှ
ကိုလင်ကို လျှပ်စစ်အင်ဂျင်နီယာရင်း ကုမ္ပဏီ လီမိတက် (COLENCO Power Engineering, Ltd.)
ဗြိတိန်နိုင်ငံမှ
မာလ်ကွမ် ဒန်စတန် နှင့် အပေါင်းပါများ ကုမ္ပဏီ (Malcolm Dunstan & Associates)


မြန်မာနိုင်ငံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ထရပ်စ်နှင့် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ (CITIC) နှင့် ဆိုင်နိုဟိုက်ဒရို ကော်ပိုရေးရှင်းတို့က ဦးဆောင်ဖွဲ့စည်းသည့် ကုမ္ပဏီများ အစုအဖွဲ့နှင့် နားလည်မှု စာချွန်လွှာအရ စာချုပ်တွင် အမေရိကန်ဒေါ်လာ ၁၂၆ သန်းဟု ဖော်ပြထားပါသည်။ ရဲရွာဆည် တည်ဆောက်မှု၏ ကုန်ကျမှု စုစုပေါင်းသည် အမေရိကန်ဒေါ်လာ သန်း ၇၀၀ ခန့် ရှိနိုင်ပါသည်။

ဆည်မှ ထုတ်လုပ်နိုင်မည့် လျှပ်စစ်ဓါတ်အားရောင်းချရငွေသည် နှစ်စဉ်ထုတ်လုပ်နိုင်မှု ပမာဏနှင့် ၀ယ်ယူသည့် ဈေးနှုန်း အပေါ် မူတည်လိမ့်မည် ဖြစ်သည်။ လျှပ်စစ်ဝယ်ယူမည့် သဘောတူညီချက်ကို ယခုအချိန်တိုင် လက်မှတ်ရေးထိုးခြင်း မရှိသေးပါ။

လျှပ်စစ်များက မည်သည့်နေရာသို့ ပေးပို့မည်နည်း။
ယခုအချိန်အထိ ဤဆည်များမှ ထုတ်လုပ်မည့် လျှပ်စစ်များကို မည်သည့်နေရာသို့ ပေးပို့မည်ကို မသေချာသေးပါ။ တရုတ် နိုင်ငံသို့ ပို့လွှတ်ရန် များပါသည်။

  (၂၀၀၈ ခုနှစ် စက်တင်ဘာလ နောက်ဆုံးအခြေအနေ)
အစီရင်ခံစာများအရ ဆည်မှာ တည်ဆောက်ပြီးစီးလုနီးပြီ ဖြစ်သည်။ ခန့်မှန်းချက်အရ ၂၀၀၈ ခုနှစ် အကုန်တွင် တည် ဆောက်ပြီးစီးမည်ဟု ယူဆရသည်။ သို့မဟုတ် ပို၍ စောပြီးနိုင်သည်။


ရဲရွာဆည် တည်ဆောက်သည့် နေရာအနေအထားကြောင့် ရဲရွာဆည် တည်ဆောက်သည့်နေရာတွင် မြေပြင်သတင်းများ အတိအကျ ရရှိရန် ခက်ခဲပါသည်။ ဆည်မတည်ဆောက်ခင် ရရှိသည့် အစီရင်ခံစာတခုအရ ရဲရွာဆည် တည်ဆောက်မှု ကြောင့် ရေလွှမ်းခံရမည့် နေရာရှိ ကျေးရွာများကို လျော်ကြေးမပေးဘဲ အဓမ္မရွှေ့ပြောင်းစေခဲ့သည်ဟု ဆိုပါသည်။ ၂၀၀၅ ခုနှစ်တွင် မြန်မာတိုင်းမ်စ် (Myanmar Times) သတင်းစာ၏ ဖော်ပြချက်အရ ဆည်အနီးရှိ ရွာ ၃ ရွာကို ရွှေ့ပြောင်းခဲ့သည် ဟု သိရပါသည်။ ဤကျေးရွာများသည် မြစ်ငယ်မြစ်အပေါ် ၎င်းတို့၏ သက်မွေးဝမ်းကျောင်းလုပ်ငန်းများအတွက် မှီခိုနေကြ ရပြီး ၎င်းတို့ အခြေပြုနေရသည့် အရင်းအမြစ်များ ရေလွှမ်းခံကြရမည် ဖြစ်ပါသည်။ ရှေးဟောင်းယဉ်ကျေးမှုနေရာတခု ဖြစ်သည့် သိပ္ပစက္ခု ဓါတ်တော်စေတီများ ရေလွှမ်းခံရမည်ဖြစ်ပြီး လုံးဝပျောက်ဆုံးသွားရလိမ့်မည် ဖြစ်ပါသည်။  

သတင်းအချက်အလက်များ ပိုမိုသိရှိနိုင်ရန် Watershed (2002) ဂျာနယ်မှ "နန်းစောမွန်လှနတ်နှင့် ရဲရွာဆည်" (The Spirit of Nang Tsao Mwanla and the Yeywa Dam) ဆောင်းပါးကို ကြည့်ပါ။ "ရဲရွာရေအားလျှပ်စစ် စီမံကိန်းနှင့် ပတ်သက်၍ ယေဘုယျအခြေအနေ တင်ပြချက်" (Yeywa Hydropower Project, an Overview) ကို ကြည့်ပါ။ 

Voices of the Dammed

ဆည်များနှင့် ပတ်သက်၍
Wednesday, 24 September 2008
ဆည်များနှင့် ပတ်သက်၍ မကြာခဏ မေးလေ့ရှိသည့်... Read More...
တရုတ်နိုင်ငံ၏ ဆည်တည်ဆောက်ရေး စီးပွားရေးလုပ်ငန်း
Wednesday, 24 September 2008
တရုတ်နိုင်ငံ၏ ဆည်များကို အခြေပြုသည့်... Read More...
ရေအားလျှပ်စစ်ထုတ်ယူရေး လမ်းညွှန်ချက်များ
Wednesday, 24 September 2008
ကမ္ဘာ့ဆည်များဆိုင်ရာ ကော်မရှင် [World Commission on Dams (WCD)]... Read More...
မြန်မာနိုင်ငံ၏ မြစ်များနှင့် ပတ်သက်သည့်ဥပဒေ
Wednesday, 24 September 2008
ရေအရင်းအမြစ်ထိန်းသိမ်းမှုနှင့် မြစ်များဆိုင်ရာ... Read More...
© 2017 မြန်မာနိုင်ငံ မြစ်ချောင်းများဆိုင်ရာ ကွန်ယက်. All Rights Reserved.